အခန်း(၁၁၄) ဖွင့်​ဟခြင်း

11.3K 1.2K 80
                                    

အခန်း(၁၁၄) ဖွင့်​ဟခြင်း

"မင်းဦး​လေးကသူအဆင်​​ပြေပါတယ်​လို့မင်းကို​ပြောခိုင်းလိုက်​တယ်​။သူအခုလုဖုန်းနဲ့ရှိ​နေတယ်​'' လည်​သာခုံ​ပေါ်မှာ​မှောက်​ခုံအနှိပ်​ခံရင်းအိုင်​ဗန်​ကချန်​ယန်းကိုဖုန်းဆက်​​ပြောလိုက်​သည်​။

သူချန်​အန်းကိုကတိ​ပေးခဲ့​ပေမယ့်​ အမှန်​တကယ်​ကသူချန်​ယန်းဆီ​ခေါ်ဖို့အစီအစဉ်​မရှိ။ ဒါ​ပေမယ့်​တကယ်​ပဲဖုန်း​ခေါ်ဖြစ်​သွားသည်​။ သူ့အ​နေနဲ့လည်းစိတ်​ဝင်​စားစရာမရှိတဲ့လူ​တွေကိုစိတ်​ဝင်​စားစရာအ​ကြောင်းမရှိဘူး​လေ။

"ကြည့်​ရတာသူUS​ရောက်​ရင်​မင်းကိုဖုန်း​ခေါ်မယ့်​ပုံပါပဲ။ ဒါပဲ'' ဖုန်းချပြီးတာနဲ့​ထောင့်​တစ်​​နေရာကိုပစ်​လိုက်​ပြီး လက်​အ​ညောင်းဆန့်​ကာသန်းလိုက်​၏။

ကိတ်​ယာရှာ က အားလုံးကိုထွက်​သွားဖို့အချက်​ပြလိုက်​ပြီး သူမလက်​​ပေါ်သံလွင်​ဆီများလိမ်းကြံလိုက်​ပြီး အိုင်​ဗန်​၏နားထင်​ကိုခပ်​ဖြည်းဖြည်းနှိပ်​နယ်​​ပေးလိုက်​သည်​၊ ''​ဘော့စ်​ ရှင်​ဘယ်​ကိုဆက်​သွားမှာလဲ''

"ငါ​က၂ဘီလီယံ​တောင်​တန်​တာလေ ဒီမှာသီချင်းနား​ထောင်​ပြီး​အေး​ဆေး​နေအုန်းမယ်​။ ငါ့ကိုများအချဉ်​မှတ်​လို့ ​ကောင်း​ကောင်းကြီးပြန်​ပညာပြအုန်းမယ်​''

"​ကောင်းပါပြီ'' ကိတ်​ယာရှာ က လက်​ကိုသုတ်​ပြီးဖုန်းကိုအိုင်​ဗန်​နားချထား​ပေးလိုက်​သည်​။

ညိမ့်​​ညောင်း​သောသံစဉ်​နှင့်​သီချင်းကခပ်​လွင်​လွင်​ ပြန့်​လွင့်​​နေသည်​မို့မျက်​လုံးမှိတ်​အနားယူဖို့အ​ကောင်းဆုံးပင်​။ဒါ​ပေမယ့်​လို့ သူ့စိတ်​အစဉ်​ဟာသီချင်းမှာအာရုံမရှိသလို မျက်​လုံးထဲမှာလဲ ဆံပင်​နက်​နက်​နှင့်​အမျိုးသား၏ပုံရိပ်​ကသာကြီးစိုး​နေသည်​။

ချန်​အန်း ကိုယ်​တို့ပြန်​​တွေ့ကြအုန်းမှာပါ။

........

"Ice latte, thank you '' အ​မေရိကန်​သို့ပြန်​သန်း​နေသည့်​​လေယာဉ်​​လေးသည်​ညိမ့်​​ညောင်း​နေ၏။ ချန်​အန်းက​နေရာကထပြီး လုဖုန်းရှိရာသို့​ပြောင်းသွားလိုက်​သည်​။ သက်​​တော်​​စောင့်​များက လှုပ်​ရှားသွားပြီးချန်​အန်းကိုတားဖို့ပြင်​​တော့ လုဖုန်းကလက်​ဟန်​ပြတားလိုက်​သည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now