အခန်း(၁၂၅) ချန်ယန်းနဲ့တွေ့ကြည့်ချင်တယ်

2.9K 410 23
                                    

အခန်း(၁၂၅) ချန်ယန်းနဲ့တွေ့ကြည့်ချင်တယ်

'' လိုက်ထိမနေနဲ့တော့''

ချန်အန်းကပြောရင်းနဲ့တံတောင်ဆစ်ကလုဖုန်းရင်ဘတ်ဆီနောက်ပြန်တိုက်နှင့်ပြီးသားပင်။ထိုင်နေသောကိုလူချောမှာအသံတိတ်အင့်ခနဲဖြစ်သွားပြီး ညဝတ်အင်္ကျီအောက်ကနေချန်အန်းပေါင်ဆီတွားသွားနေသောလက်တို့မှာ လိမ်မာစွာပြန်လည်ဆုတ်ခွာသွားသည်။

ချန်အန်းကသူ့နားဘေးနားထိုင်နေလျင် လုဖုန်းသည်အနားကပ်ကာပွတ်သီးပွတ်သပ်လုပ်တတ်သည်။ ပွတ်သီးပွတ်သပ်ကတစ်ခန်းရပ်သွားသည်မဟုတ်ဘဲ သောက်လေငတ်မပြေဆားငန်ရည်လို ချန်အန်းအသားကိုသူထိရသည်နှင့်ပိုပိုထိချင်နေတတ်ခြင်းဖြစ်သည်။ ချန်အန်းကသံလိုက်ဖြစ်ပြီးသူကသံသတ္တုလိုအမြဲတမ်းအဆွဲခံနေရသည်ဟုခံစားရသည်။သူကံမကောင်းတာက ချန်အန်းဟာပွတ်သီးပွတ်သပ်လုပ်တာကိုသိပ်ကြိုက်တဲ့သူမဟုတ်တာပဲ။ စိတ်ကြွနေတဲ့အချိန်မဟုတ်ရင်လာထိတဲ့သူမှန်သမျှကိုခပ်ကြမ်းကြမ်းပြန်တီးဖို့ဝန်မလေးတတ်ပေ။ လုဖုန်းကိုတံတောင်နဲ့တိုက်တယ်ဆိုတာက ချစ်လို့ဟုတောင်ဆိုနိုင်သည်။ ဒါကြောင့်လုဖုန်းလည်း ချက်ချင်းအပိုးကျိူးသွားကာစည်းထပ်မကျော်ရဲတော့ပေ။ သို့မဟုတ်ဘဲ ရောက်တတ်မိလျင် ကုတင်ပေါ်ကကန်ချခံရပြီးဆိုဖာနဲ့တစ်ညညားမှာသေချာသည်မို့ကြောက်ရသည်။

လုဖုန်းဆိုတာကလည်း အတွင်းစိတ်ကဆိုဖာနဲ့ညားမှာကြောက်ပေမယ့်အပြင်မှာကတော့ ပြစ်မျိူးမှဲ့မထင်မျက်နှာသေကိုထိန်းထားတတ်သူလေ။ ဒါကြောင့်လည်းဘာမှမဖြစ်သလိုစကားလမ်းကြောင်းလွဲလိုက်သည်။ '' အန်း.. တုန်းရှဲ့ပြောတာကိုယုံလား''

'' အဲ့ကောင်ကငါတို့ကိုလိမ်စရာအကြောင်းမရှိဘူး။ သူလိမ်ရင်လည်းသူပြန်ပေးဆပ်ရမှာကမနည်းဘူးလေ။ သူ့ဆီမှာသတင်းအတင်းတွေစုံတယ်ဆိုပေမယ့် ဧရာမလက်နက်ဂိုဏ်းကြီးတစ်ခုကိုတော့သူ့ဘာသူမတိုက်နိုင်ဘူး။တုန်းရှဲ့ကအရမ်းပါတဲ့ကောင်ပါ။ သူလိမ်ရင်သူတင်မဟုတ်ဘဲ လင်ဟောက်ပါဒုက္ခရောက်မှာသူမသိစရာလား။''

ခက်တာကသူတို့ဆီးရီးယားကပြသာနာကြိုးကိုင်သူကိုသိလည်းပဲ လုဖုန်းအနေနဲ့လုံလောက်တဲ့သက်သေမရှိဘဲ သစ္စာဖောက်ကိုဆွဲချလို့မရဘူး။
လုဖုန်းကလည်းညီနောင်များအဖွဲ့ရဲ့တစ်စိတ်တစ်ပိုင်းကို အပြည့်အဝချူပ်ကိုင်ထားနိုင်တယ်ဆိုပေမယ့် တစ်ချိန်ကသူ့လိုတော့လက်မရှည်ဘူးလေ။ပြီးတော့ အာဏာလည်းသိပ်မပိုင်ထားဘူး။ ဒါက မြေခွေးအိုကြီးသေပြီး သူ့ကိုအမြင်မကြည်တဲ့အဖွဲ့သားတွေရှိနေတာကိုထည့်မတွက်ထားသေးဘူး။

Rebirth of Chen An【Zaw + uni】Where stories live. Discover now