အခန်း (၂၂) အရက်​တန်​ခိုး (၂)

12.4K 1.5K 33
                                    

အခန်း (၂၂) အရက်​တန်​ခိုး (၂)

အခွက်​တစ်​​ထောင်​ခံနိုင်​ရည်​က​နေတစ်​ခွက်​ထဲနဲ့ချန်​အန်း​မောက်​သွား​တော့တယ်​။ အခု​တော့ဒီလူအလွန်​အကျွံမူးပြီးအိပ်​ရာ​ပေါ်မှာတစ်​ချက်​မနှိုးပဲအိပ်​​ပျော်​​နေတယ်​။

"ဒီတစ်​ခုက ​မြေ​ခွေးအိုကြီးနဲ့တကယ်​ကွာတာပဲ။ အဲ့ဒီ​မြေ​ခွေးအိုကြီးကဘယ်​​တော့မှမမူးတတ်​ဘူး။''

ပြန်​​တွေးကြည့်​​တော့သူ​သောက်​တာတစ်​ခွက်​ထဲ၊ အဲ့ဒီတစ်​ခွက်​ကသူ့ကို​မောက်​သွား​စေတာ။ ဒီလူလုံးဝအရက်​မ​သောက်​နိုင်​ဘူးပဲ။
ယာမကာဗီရိုဆီသွားပြီး အိုင်​ဗန်​သူ့အတွက်​သူ vodkaတစ်​ခွက်​ငှဲ့လိုက်​သည်​။ ထို့​နောက်​အိပ်​ရာနံ​ဘေးတွင်​ထိုင်​ပြီး ပါးစပ်​အပြည့်​ငုံ​သောက်​လိုက်​သည်​။ ​ပြောင်းရဲ့အနံအရသာနဲ့ပြင်းရှတဲ့ခံစားမှုက ​သောက်​မိတဲ့လူကိုမျက်​လုံးမမှိတ်​မိပဲမ​နေနိုင်​ဘူး။

"အန်း? "

အိုင်​ဗန်​ သူ့​ရှေ့ကအိပ်​ရာ​ပေါ်မှာနှစ်​နှစ်​ခြိုက်​ခြိုက်​အိပ်​​ပျော်​​နေသည့်​လူကိုကြည့်​လိုက်​သည်​။ သူဝန်​ထမ်းတစ်​​ယောက်​ကို​ခေါ်ပြီး ချန်​အန်းကိုသူ့အခန်းသူပြန်​ပို့ခိုင်းလို့ရတယ်​။ ဒါ​ပေမယ့်​ အိုင်​ဗန်​ရုတ်​တရပ်​​တွေးမိတာက ဒီလူကသူ့ကို​ဖျော်​​ဖြေ​နေတာပဲ။ စုံစမ်းထားတဲ့သတင်း​တွေအရ ချန်​အန်းကသာမန်​လူတစ်​​ယောက်​ပဲ။ စိတ်​ဝင်​စားစရာတစ်​ခုတည်း​သောအချက်​က လွန်​ခဲ့တဲ့လအနည်းငယ်​က လက်​​ကောက်​ဝတ်​ကိုလှီးပြီး ကိုယ့်​ကိုယ်​သတ်​​သေခဲ့ဖို့ကြိုးစားခဲ့တာဆိုတာပဲ။ အ​ကြောင်းအရင်းက စီးပွားပျက်​သွားတဲ့အတွက်​​ကြောင်းလား? စိတ်​ပျက်​အားငယ်​​နေတဲ့လူတစ်​​ယောက်​?
ဒါ​ပေမယ့်​လက်​​တွေ့မှာကြည့်​ရတာက ကြားရတဲ့သတင်းနဲ့ဆန့်​ကျင်​ဖက်​ပဲ။ ကိုယ့်​ကိုယ်​ကို အရမ်းယုံကြည်​ချက်​ရှိပြီး မျက်​လုံး​တွေကအ​ရောင်​​တောက်​ပပြီး ဘာမထီတဲ့ပုံနဲ့ ပြီး​တော့ချန်​အန်းမှာအခုလိုအ​ပျော်​ခရီးထွက်​ဖို့ပိုက်​ဆံ​တောင်​ရှိ​နေ​သေးတယ်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now