အခန်း (၁၆၀) အံ့ဖွယ်အသင်း

939 149 15
                                    

အခန်း (၁၆၀) အံ့ဖွယ်အသင်း

''နေပါဦး ငါအခုကြားလိုက်တာသေချာရဲ့လား''

ချန်အန်းရဲ့အိပ်ရာပေါ်မှာလှပတဲ့ညလေးတစ်ညအိပ်စက်ပြီးနောက် အိုင်ဗန်တစ်ယောက်သူ့ရဲ့အရင်လိုဆောင့်ကြွားမြှောက်ကြွားအင်နာဂျီပြန်ရလာသည်။ အခုလည်း ချန်ယန်းနဲ့လုဖုန်းဝယ်လာတဲ့နံနက်စာကိုတဖြဲနှစ်ဖြဲစားပြီး အော်ကြီးဟစ်ကျယ်ဖြင့်အံ့ဩဘနန်းပြုလိုက်ခြင်းဖြစ်သည်။

အမှန်တော့ ချန်ယန်းနဲ့လုဖုန်းတို့စူပုတ်ပုတ်နဲ့နံနက်စာထွက်ဝယ်နေတဲ့အချိန်တုန်းက ချန်အန်းအိုင်ဗန်ကိုသူ့အခက်အခဲအကြောင်းလိုတိုရှင်းပြောပြထားပြီးသားပင်။ အခုမှအံ့ဩတကြီးပုံစံထလုပ်နေတယ်ဆိုတော့ သူပြောခဲ့တာတွေဘာတစ်ခုမှစဖတ်မလုပ်လိုက်တဲ့သဘောပေါ့! ဒါကြောင့်အိုင်ဗန်ခြေထောက်ကိုစားပွဲအောက်ကနေတက်နင်းပစ်လိုက်သည်။

'' ဘေဘီ ... မှားသွားပါတယ် ခွင့်လွှတ်ပေးပါ။'' အိုင်ဗန်ကလက်အုပ်ချှလျက်ဒူးထောက်မတတ်တောင်းပန်လိုက်သည်။

ချန်အန်းကစိတ်ထဲမှာမကျေမနပ်ဖြစ်နေလို့တော့မဟုတ် ဒါပေမဲ့အိုင်ဗန်က သူ့ blacklist ထဲရှိနေတုန်းပဲ။အခုမျက်စိစပါးမွှေးလည်းစူးနေတော့ အခွင့်အရေးရတဲ့နဲ့တစ်ချက်တော့ထတီးချင်နေသည်။
မနေ့ညက သူအိုင်ဗန်ကိုကန်ထုတ်လိုက်ပေမဲ့ ဝက်ဝံကြီးကပေတေပြီးကြမ်းပြင်မှာတောင်အိပ်မယ်လုပ်နေလို့ သူပဲစိတ်လျော့ပြီး ကုတင်ပေါ်ပြန်ဆွဲတင်ခဲ့ရသည်။ ဒီသကောင့်သားကိုမမြင်ရတာအရမ်းကြာနေပြီမို့ စိတ်ထဲမှာတော့နည်းနည်းလွမ်းမိပါသည်။

'' သူကမယုံကြည်ရဘူးအန်း တကယ်ကြီးသူ့ကိုအသင်းထဲဝင်ဖို့မေးထားတာလား'' ချန်ယန်းအနေနဲ့လုဖုန်းတစ်ယောက်နဲ့တင်တော်တော်တင်းနေပြီ။ အခုအိုင်ဗန်ပါရောက်လာပြီဆိုတော့ ခရင်းကိုကောက်ပြီးဇွတ်ခနဲထိုးမသတ်မိအောင်မနည်းထိန်းနေရသည်။ ဒါကြောင့်လာရာလမ်းမြန်မြန်ပြန်ကြပါတော့။

'' ဟက်ဟက်ဟက် ! ဒီမယ်လူကလေး အရင်ဆုံးမင်းရဲ့အခေါ်အဝေါ်လေးပြင်ပေးလိုက်ဦးမယ်။ မင်းသူ့ကို ဦးလေးလို့ခေါ်ရမှာနာမည်မခေါ်ရဘူး။ဒါကပထမအချက်''

Rebirth of Chen An【Zaw + uni】Where stories live. Discover now