အခန်း(၃၉) လုဖုန်းနှင့်​အိုင်​ဗန်​တို့ကြား​သွေးခွဲရန်​အစီအစဉ်

11.6K 1.4K 69
                                    

အခန်း(၃၉) လုဖုန်းနှင့်​အိုင်​ဗန်​တို့ကြား​သွေးခွဲရန်​အစီအစဉ်

အိုင်​ဗန်​နဲ့ထိပ်​တိုက်​ရင်​ဆိုင်​မယ်​ဆိုရင်​​သေလမ်းကိုရှာတာနဲ့တူတူပဲ။ ချန်​အန်းလိုပရိယာယ်​များတဲ့​မြေ​ခွေးအိုကြီးအတွက်​က​တော့သူ့ကိုထိပါး​စော်​ကားတဲ့လူ​တွေအားလုံးကိုအတိအကျလက်​တုန့်​ပြန်​တတ်​ပြီးသားပဲ။ သူဘယ်​လိုလို​ဒေါသ​တွေကိုချူပ်​တည်းထားပြီးအဲ့ဒီ​ဒေါသ​တွေနဲ့တစ်​ဘဝလုံးမွန်းကြပ်​​နေမှာလဲ။
ချန်​အန်း၊ အိုင်​ဗန်​ကိုတိုက်​ရိုက်​ပညာပြဖို့အစီအစဉ်​မရှိ​ပေမယ့်​ ​နောက်​ကွယ်​က​နေပညာပြဖို့အစီအစဉ်​ကြီးကရှိနှင့်​ပြီးသားပဲ။ သူကိုယ်​တိုင်​မလုပ်​ရင်​​တောင်​ အိုင်​ဗန်​ကိုပညာ​ပေးလို့ရမယ့်​နည်းလမ်း​တွေကအများကြီးရှိတယ်​။ အိုင်​ဗန်​နဲ့သစ္စာ​ဖောက်​လုဖုန်းတို့ပူ​ပေါင်းဖို့ကြံစည်​​နေတာမဟုတ်​ဘူးလား။

Tsk ချန်​အန်းသူတို့ကိုပူး​ပေါင်းခွင့်​မ​ပေးနိုင်​ဘူး။ သူ့ ကိုအရူး​အမူးစွဲလမ်း​နေတဲ့လူတစ်​​ယောက်ဖြစ်​တဲ့ လုဖုန်းအ​နေနဲ့ သူ့လက်​​ရေးကိုမှတ်​မိ​နေမှာကမဆန်းဘူး။
ချန်​အန်းသူ့စာကိုအဆုံးသတ်​လိုက်​ပြီး​နောက်​ဆုံးမှာပြီးပြည့်​စုံတဲ့စာတစ်​ချို့​ရေးလိုက်​သည်​။သူ့စာကစာတို​လေးပါပဲ။

:လုဖုန်း၊ မင်းငါ​သေပြီလို့တကယ်​ထင်​​နေတာလား? ​ကျေးဇူးပြုပြီးငါရဲ့အိုင်​ဗန်​​လေးကိုငါ့အစားနှုတ်​ဆက်​​ပေးစမ်းပါကွာ:

အခု​ရေးထားတဲ့စာကသူအရင်​တုန်းကသုံး​နေကြ စာရွက်​အမာသား(kraft paper)​ပေါ်တွင်​​ရေးထားခြင်းဖြစ်​သည်​။စာကိုစာအိတ်​ထဲထည့်​ပြီး​နောက်​အနီ​ရောင်​ဖ​ယောင်းဖြင့်​Sealပိတ်​လိုက်​သည်​။ဒီစာ​ပေးနည်းကသူနှစ်​​ပေါင်းများစွာအသုံးပြုလာတဲ့နည်းပဲ။ သူ့​ဘေးနားမှာအကြာကြီး​နေပြီးသူ့အကျင့်​နဲ့သူ့လက်​​ရေးကိုလုဖုန်းမမှတ်​မိနိုင်​စရာအ​ကြောင်းမရှိဘူး။

နောက်​ပြီး စာထဲမှာအခြားလူတစ်​​ယောက်​ရဲ့နံမည်​ကိုထည့်​​ရေးထားတာမျိုးလုဖုန်းသိပ်​မုန်းတယ်​ဆိုတာသူသိတယ်​။ဖြစ်​သွားမယ့်​လုဖုန်းရဲ့အမူအရာကိုမြင်​​ယောင်​ကြည့်​ရုံနဲ့တင်​ ချန်​အန်းအူမြူးမိသည်​။ ဒီလိုဆို လုဖုန်း​နဲ့အိုင်​ဗန်​တို့ပူး​ပေါင်းမယ့်​အ​ရေးကမကြာခင်​မှာအဆုံးသတ်​သွားလိမ့်​မယ်​။အိုင်​ဗန်​က​တော့ ဘာ​ကြောင့်​လဲဆိုတာ လုဖုန်းကို​မေးပြီးအလုပ်​ရှုပ်​​နေမှာပဲ။ ဒီနည်းနဲ့အိုင်​ဗန်​ကိုထိခိုက်​​အောင်​လုပ်​ပြီး သူလည်းအဲ့ဒီရုရှားဝက်​ဝံဆီကယာယီလွတ်​ငြိမ်းခွင့်​ရနိုင်​တယ်​။ ဒါ​ပေမယ့်​အ​ရေးကြီးတာက လုဖုန်းနဲ့အိုင်​ဗန်​တို့တိုက်​ခိုက်​ကြဖို့ပဲ။ ဘယ်​သူမှမနိုင်​မယ့်​ပွဲမှာ အရှုံး​တွေပဲအဖတ်​တင်​လိမ့်​မယ်​။ ဒါက ချန်​အန်းအတွက်​​တော့အမြတ်​ချည်းပဲ။

Rebirth of Chen An【Zaw + uni】Where stories live. Discover now