အခန်း(၉၀) အစ်​ကို့ကိုထားမသွားပါနဲ့

9.8K 1.3K 112
                                    

အခန်း(၉၀) ကျန်းလဲ့...မင်းအတွက်​အရာအားလုံး​ပေးနိုင်​တယ်

မီးမှိန်​မှိန်​​အောက်​တွင်​ရီ​ဝေ​နေသည့်​မျက်​ဝန်းများနှင့်​ ပါးပြင်​နှစ်​ဖက်​က ပန်းနု​ရောင်​ခပ်​​ပြေး​ပြေးသန်း​နေသည့်​ အမျိုးသားမှာတံခါးဖွင့်​ဝင်​လာသည့်​ လူကိုစူးစိုက်​ကြည့်​​နေ​လေသည်​။ ဝိုင်​ပြန့်​ကာနီရဲ​နေသည့်​ အိပ်​ရာခင်းတို့ကထိုအိပ်​ရာ​ပေါ်ကအမျိုးသားနှင့်​ ပနံသင့်​စွာ။ အိုင်​ဗန်​ တံ​တွေးကိုဂလုခနဲမြိုချမိသည်​။

အဲ့ဒီ​သောက်​ကျိုးနဲဂိမ်းစကတည်းက သူဘယ်​သူ့ကိုမှမထင်​ခဲ့ကြာလှ​ပေါ့။ US ​ရောက်​​တော့လည်း လင်းဒအုပ်​ရဲ​တွေကသူ့ကိုမျက်​စိ​ထောင့်​​ထောက်​ကြည့်​​နေတာ အဲ့လိုလုပ်​ဖို့အချိန်​​တောင်​မရခဲ့ဘူး။ ပြင်းထန်​တဲ့အင်​အားတစ်​ခုက အထွတ်​အထိပ်​ကိုအလျင်​အမြန်​​ပြေးလာပြီး တင်းမာလာဖို့မ​စောင့်​နိုင်​​တော့ဘူး။

ဒီလူက​သေ​လောက်​​အောင်​ဆွဲ​ဆောင်​မှုရှိလွန်းတယ်​!

"ကိုယ်​ဘာလုပ်​မှာလဲ မင်းသိပါတယ်​အန်း'' အိုင်​ဗန်​က တံခါးကို​လော့ချပြီး ခပ်​တိုးတိုးဆိုကာ ကုတ်​အင်္ကျီချွတ်​ပြီးကြမ်း​ပေါ်ပစ်​ချလိုက်​သည်​။

အိပ်​ရာ​ပေါ်ကလူကအရမ်းကိုမူး​နေပြီ။ သူ့ဆီကိုဖြည်းဖြည်းချင်​လာ​နေတဲ့လူကို​တောင်​ သဲသဲကွဲကွဲမမြင်​ရ​တော့ဘူး။ မျက်​​မှောင်​ကြုတ်​ပြီး ဘယ်​သူလဲအသည်းအသန်းစဉ်းစား​နေသည်​။

"မင်းမူး​နေတဲ့ပုံစံ​လေးကို ကိုယ်​ကြိုက်​တယ်​'' အိုင်​ဗန်​လက်​ကိုဆန့်​ပြီး ချန်​အန်း၏​မေးကို​မော့ကာ သူနှင့်​မျက်​နှာချင်းဆိုင်​​စေလိုက်​သည်​။ ရီ​ဝေ​နေသည့်​အနက်​​ရောင်​မျက်​လုံးတို့​ကြောင့်​ အိုင်​ဗန်​နှုတ်​ခမ်းသပ်​လိုက်​သည်​။

သူ့ရင်​ခွင်​ထဲမှာ လှုပ်​ရှား​နေသည့်​ခန္ဓာကိုယ်​က အစစ်​အမှန်​မှဟုတ်​ပါရဲ့လားဟုပင်​ သူစိုးရိမ်​မိသည်​။ သူ့ဘဝမှာ ဒီ​လောက်​တစ်​ခါမှစိတ်​မလှုပ်​ရှားခဲ့ဖူးဘူး။ သူ့စိတ်​အစဉ်​က ​ဆောင်းဦးမှာနိုးလာတဲ့ဝက်​ဝံတစ်​​ကောင်​လို့ ခွန်​အားအပြည့်​နှင့်​ တပ်​မက်​စိတ်​များပြည့်​​နေသည်​။ ဝတဲ့သူ​တွေကအသားအရည်​နူးညံ့သူဟု သူကြားဖူးသည်​။ ချန်​အန်းကအခုမဝ​တော့​ပေမယ့်​လို့ သူ့အသားအရည်​က ကျားသစ်​သားရည်​ထက်​ပင်​နူးညံ့လွန်းသည်​။ လက်​​ချောင်းများဖြင့်​ ခပ်​ယွယွထိ​တွေ့​နေသူမှာ သူဖြစ်​​သော်​လည်း ကြက်​သီးထ​နေရသူကလည်း သူပဲဖြစ်​​နေပြန်​သည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now