အခန်း(၁၁၂) ​ကြွေသုဉ်းသွား​သောမျှော်​လင့်​ချက်

9K 1.1K 46
                                    

အခန်း(၁၁၂) ကြွေသုဉ်းသွား​သောမျှော်​လင့်​ချက်

လုဖုန်းရဲ့ဆင်​​ခြေဟာဘယ်​​လောက်​ယုံချင်​စကာမရှိသလဲဆိုရင်​ ချန်​အန်းတင်​မဟုတ်​၊ အိုးရန်​ပိုင်​ရှားလည်းပဲမယုံ​ပေ။ညစာစားပြီး​နောက်​ အိုးရန်​ပိုင်​ရှားကအိုင်​ဗန်​ကို​ခေါ်ပြီးစကား​ပြောသည်​။ သူတို့ဘာ​ပြောသလဲ​တော့မသိရ။

လုဖုန်းကချန်​အန်းကိုအခန်းထိ​လိုက်​ပို့​ပြီး ''ကိစ္စ​တွေအားလုံးပြီးရင်​ ကျူပ်​လူလွှတ်​ပြီးခင်​များကို​ဟောင်​​ကောင်​ပြန်​ပို့​ပေးမယ်​'' လုဖုန်းအခန်းထဲထိလိုက်​ဝင်​​ပေမယ့်​လို့ မထိုင်​ဘဲမတ်​တပ်​ဆက်​ရပ်​​နေသည်​။

"အိုင်​ဗန်​ ငါ့ကိုလွှတ်​​ပေးမှာ​သေချာရဲ့လား။သူတကယ်​မင်းသားဟ့ခ်ျ​ကို ၂ဘီလီယံ​ပေးလိုက်​ရင်​ မင်းသားဟ့ခ်ျ​ကသူ့ကိုမျက်​နှာသာ​ပေး​တော့မှာမဟုတ်​ဘူး''

"ကျူပ်​မှာနည်းလမ်းရှိတယ်​'' လုဖုန်းအ​ဖြေကတိကျလွန်း၏။ ကိုယ့်​ကိုယ်​ကိုယုံကြည်​မှုလွန်​ကဲ​နေဟန်​လည်းမ​ပေါ်​ပေ။

"မင်း​ပြောတဲ့နည်းလမ်းဆိုတာ အိုးရန်​ပိုင်​ရှားနဲ့မိတ်​​ဆွေ​တွေဆိုတဲ့အချက်​လား'' အခန်းကို​ဝေ့ကြည့်​​တော့ ​ကော်​ဖီ​ဖျော်​စက်​​တွေ့တာနဲ့ ချန်​အန်းလက်​​တေးတစ်​ခွက်​​ဖျော်​လိုက်​သည်​။ တဂျီးဂျီးမြည်​သံနှင့်​လည်​ပတ်​ပြီး​နောက်​ အနက်​​ရောင်​​ကော်​ဖီရည်​များ​ပေါ်တွင်​အဖြူ​ရောင်​အမြှုပ်​များရစ်​သိုင်းလာပြီး ရနံ့ကသင်းပျံ့လာ၏။

လုဖုန်းသူနဲ့အတူရှိစဉ်​ကာလက ဘယ်​​ယောက်ျား၊မိန်းမနဲ့မှပတ်​သတ်​တာမျိုးမမြင်​ခဲ့ရ။ ပြိုင်​ဖက်​များကလည်း လုဖုန်းကိုအလှအပနဲ့ဆွဲ​ဆောင်​တာမျိုးမလုပ်​ခဲ့သလို ဘယ်​အလှအပကမှလုဖုန်းအ​ပေါ်သက်​​ရောက်​မှုလည်းမရှိခဲ့ပါ။ မဆိုးသွမ်းတဲ့​ယောက်ျားရှားသလို တဏှာစိတ်​မရှိတဲ့​ယောက်ျားဆိုတာလည်းအလွန်​ရှားသည်​။လုဖုန်းသည်​ကား ကိ​လေသာချူပ်​တီးထားသူဟုဆိုရလိမ့်​မည်​။ ထိုကိစ္စနှင့်​ပတ်​သက်​လျှင်​သူဟာ အ​တော်​ကိုအလှမ်း​ဝေးသူပင်​။ ယ​နေ့လူအားလုံးလုဖုန်းဟာ ထိုကိစ္စနှင့်​ကင်းရှင်းသည်​ဟုထင်​ကြလိမ့်​မည်​ဖြစ်​သလို လုဖုန်းကိုထိုကိစ္စနှင့်​ပတ်​သက်​လိုပါက ခက်​ခဲစွာကြိုးစားရလိမ့်​မည်​ကိုလည်းသိကြသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now