အခန်း(၄၇) ငါသစ္စာရှိတဲ့​ခွေးမျိုးကိုပဲသ​ဘောကျတယ်

10.2K 1.4K 59
                                    

အခန်း(၄၇) ငါသစ္စာရှိတဲ့​ခွေးမျိုးကိုပဲသ​ဘောကျတယ်

ဝမ်​​ဟောင်​လို အ​တွေ့အကြုံမရှိ၊မရင့်​ကျတ်​​သေးတဲ့ အ​ကောင်​​ပေါက်​​လေးကိုသူတစ်​ခုခုလုပ်​ချင်​ရင်​သိပ်​ကိုလွယ်​လွန်းတဲ့ကိစ္စပဲ။ တိုက်​ရိုက်​​ပေးဆပ်​ခိုင်းတာဟာသက်​ညှာလွန်းရာကျတယ်​။ သူကိုယ်​၌ကချန်​အန်းနဲ့အတူအလုပ်​လုပ်​ရဲမှ​တော့ လက်​နက်​အ​ရောင်းအဝယ်​လုပ်​ငန်းကရတဲ့အကျိုးအမြတ်​အသီးအပွင့်​​တွေကိုခံစားရမှာပဲ။ တစ်​ခါမြည်းစမ်းကြည့်​လိုက်​တာနဲ့လုံးဝဖြတ်​​တောက်​လို့မရ​တော့တဲ့ မူးယစ်​​ဆေးဝါးလိုပဲ ​ငွေဟာသိပ်​ကိုအစွမ်းကြီးတယ်​။
သူမြင်​ချင်​တာက​တော့ ဝမ်​​ဟောင်​ဆိုတဲ့​ကောင်​စုတ်​​လေးသူ့​လောဘနဲ့သူပိတ်​မိသွားတာပဲ။ အချိုနည်းနည်း​ကျွေးပြီးရင်​ ​ချောက်​ထဲပြုတ်​ကျသွားကို​အေး​အေး​ဆေး​ဆေးထိုင်​ကြည့်​​နေ​တော့မယ်​။

"ငါ​တောင်းပန်​ပါတယ်​ ငါ့ကိုလွှတ်​​ပေးပါ။ ငါ...ငါထပ်​မလုပ်​​တော့ပါဘူး။ ချန်​အန်း ငါမှားသွားပါတယ်​...ငါမှားသွားပါတယ်​လို့​နော်​! ငါ့ကိုလွှတ်​​ပေးပါ ဝူးဝူးဝူး ငါမလုပ်​ရဲပါဘူး ငါထပ်​မလုပ်​​တော့ပါဘူး.....''

ချန်​အန်း ကုန်​​လှောင်​ရုံကိုဖွင့်​ခိုင်းလိုက်​​တော့အထဲမှာ တစ်​ကိုယ်​လုံးနီရဲ​နေပြီး ကိုယ်​လုံးတီးနဲ့​ခြေလက်​​တွေသံကြိုးအခတ်​ခံထားရတဲ့ လူတစ်​​ယောက်​ကိုမြင်​လိုက်​ရသည်​။ ​ထိုလူကချန်​အန်းကိုမြင်​သည်​နှင့်​ ​ခွေးတစ်​​ကောင်​လို့ ​လေးဖက်​​ထောက်​၊ ​ပြေးလာပြီး အဆက်​မပြတ်​ငိုရင်း​တောင်းပန်​​လေသည်​။ သူမျက်​လုံးတို့​ကြောက်​ရွံမှုအပြည့်​နှင့်​ကွဲ​ကြေ​နေ၏။

"ဦး​လေး''

ချန်​ယန်းကခုံတစ်​လုံးယူလာ​ပေးပြီး​နောက်​ ခုံ​နောက်​တွင်​မတ်​တပ်​ရပ်​​နေလိုက်​သည်​။ ချန်​အန်းခုံ​ပေါ်မှာ​ခြေချင်းချိတ်​ထိုင်​လိုက်​သည်​။ ခပ်​​လေး​လေးအကြည့်​တို့ဖြင့်​ မိမိ​ရှေ့မှအချိန်​မ​ရွေးလဲကျသွား​တော့မည့်​ လျူ​ရှောင်​ကျဲ့ ကိုချန်​အန်းကြည့်​​နေလိုက်​သည်​။ သူ့မျက်​နှာထဲ၌သနားဂရုဏာတို့ကအလျဉ်းမရှိ။ လက်​နှစ်​ဖက်​ကိုခုံလက်​လှမ်းမှာတင်​ထားပြီး ​နောက်​ဆုံးသူ​ပြောလိုက်​သည်​။
"ငါမင်းကိုအခုချက်​ချင်းသတ်​ပစ်​လိုက်​လို့ရတယ်​။ မင်းကိုအသားကြိတ်​စက်​ထဲထည့်​ကြိတ်​ပြီး ပင်​လယ်​ထဲငါးစာအဖြစ်​ချ​ကျွေးလိုက်​ရင်​​တောင်​ ဒီဘဝမှာမင်းဘယ်​လို​သေသွားလဲသိတဲ့လူရှိလိုက်​မှာမဟုတ်​ဘူး။''

Rebirth of Chen An【Zaw + uni】Where stories live. Discover now