အခန်း(၇၇) ​ရေကန်​ထဲကလူယုတ်​မာ

8.4K 1.2K 51
                                    

အခန်း(၇၇) ​ရေကန်​ထဲကလူယုတ်​မာ

"အန်း... မင်းဆင်းလာလို့မရဘူးလား''

ရွှဲစို​နေသည့်​​ရွှေ​ရောင်​ဆံပင်​များကို သပ်​တင်​ပြီး အိုင်​ဗန်​က​ရေကူးကန်​အတွင်းမှဘွားကနဲ​ပေါ်လာက ကန်​​ဘောင်​ကိုလက်​နှစ်​ဖက်​​ထောက်​လျှက်​​အော်​​ပြောသည်​။ ကန်​အနီးအနားတွင်​​တော့ အ​မွှေးမစို​သေး​သော ငန်းအိုကြီးချန်​အန်းကသစ်​သီး​ဖျော်​ရည်​​သောက်​လျှက်​မဂ္ဂဇင်းဖတ်​ကာ ဇိမ်​ယူ​နေသည်​။

"​တော်​ပြီ''

ချန်​အန်းက ​ရေစိုဝက်​ဝံကိုအဖတ်​ပင်​မလုပ်​ လက်​ထဲကမဂ္ဂဇင်းစာ​စောင်​ကိုအကြည့်​မခွာဘဲ ​ဖြေလိုက်​သည်​။ သူ့ဘဝမှာဘယ်​တုန်းကမှ ​ရေကူးမသင်​ခဲ့ဘူး။ ဒီ​တော့ ဒီဘဝမှာလည်းကူးတတ်​မှာမဟုတ်​ဘူး။ သူ​ရေစိမ်​ရတာကြိုက်​​ပေမယ့်​ ​ရေကန်​ထဲဆင်းရတာ​တော့မကြိုက်​ဘူး။ အိုင်​ဗန်​က​တော့ ကန်​​ပေါ်ပြန်​တက်​ပြီး ဟန်​​ရေးပြကာ ​ရေထဲဒိုင်​ပင်​ထိုးဆင်းပြန်​သည်​။ ကြည့်​ရတာရှက်​စရာ​ကောင်းသည်​။

ဒီအန်​ကယ်​ကြီးရဲ့ဘဝင်​က မိုးထိမကမြင့်​သည်​။ သူ့မျက်​လုံးထဲမှာ​တော့ အိုင်​ဗန်​ဟာသူ့မျက်​စိ​အောက်​ကလူငယ်​​လေးသာဖြစ်​ပြီး သူ့ကိုယ်​သူ အငယ်​​ရှေ့မှာအရှက်​ကွဲ​တော့မခံနိုင်​။

"မင်း ​ရေမကူးနိုင်​​တာ​တော့မဟုတ်​ဘူးမလား'' အိုင်​ဗန်​က ​ရေကန်​တွင်းကတစ်​ဖန်​ပြန်​တက်​လာသည်​။ သူ့ကိုယ်​​ပေါ်တွင်​ခပ်​ကြပ်​ကြပ်​ ​ရေကူး​ဘောင်းဘီတစ်​ထည်​သာဝတ်​ဆင်​ထား၍ ​နေ​ရောင်​​အောက်​တွင်​ လှပ​သောကြွက်​သားများကိုမကြည့်​ချင်​ဘဲနဲ့​တောင်​မြင်​​နေရသည်​။

ရုရှားသား၏ရှည်​တံရှည်​များက ချန်​အန်းရှိရာသို့​လျှောက်​လှမ်းလာပြီး သူ့မျက်​လုံးများ ချန်​အန်း၏​ခြေတံများဆီသို့ဆိုက်​ဆိုက်​​ရောက်​လာသည်​။ ချန်​အန်း၏​ခြေ​ထောက်​များက ​နေမထိတာကြာမြင့်​ပြီဖြစ်​​သော​ကြောင့်​ ဖြူ​ဖွေးဝင်းမွတ်​​နေသည်​။

သူ​ရေမကူးနိုင်​​ပေမယ့်​လို့ ချန်​အန်းမှာ​ရေကန်​နဲ့အ​ဝေး​နေဖို့​တော့စိတ်​ကူးမရှိ။ ဒီက​နေ့ ဟာရာသီဥတုလည်းသာယာတာ​ကြောင့်​ ရှပ်​အင်္ကျီပွပွနဲ့ ဒူးအတိကမ်း​ခြေ​ဘောင်းဘီ​လေးဝတ်​ပြီး ​နေပူဆာလှုံ​နေသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now