အခန်း(၁၁၀) အဆက်​​ဟောင်း

9K 1.1K 83
                                    

အခန်း(၁၁၀) အဆက်​​ဟောင်း

"မင်း​ပြော​တော့လက်​စားလာ​ချေတာမဟုတ်​ဘူးဆို''

ပွန်းရှရာများနှင့်​လက်​​ကောက်​ဝတ်​ကို ပွတ်​သပ်​ပြီးချန်​အန်းဂို​ထောင်​ဝန်းကျင်​ကို​ဝေ့ကြည့်​လိုက်​သည်​။ အခန်းထဲတွင်​ကုတင်​တစ်​လုံးရှိပြီး ကုတင်​ညာဖက်​တွင်​တံခါးငယ်​တစ်​​ပေါက်​ရှိသည်​။ ထိုတံခါးကိုဖွင့်​ကြည့်​လိုက်​​တော့ ​ရေချိုးခန်းတစ်​ခုတစ်​ခုသာဖြစ်​​နေပြီး အသုံးဝင်​သည့်​အရာဘာတစ်​ခုမှရှိမ​နေ​ပေ။

"အချစ်​ မင်းလည်းအ​စောကအိုရန်​ပိုင်​ရှားဆိုတဲ့လူ​ပြောတာကြားပြီးပြီပဲ။ သူကသူ့သူ​ဌေးမင်းသားဟခ်ျ့​အတွက်​လာခဲ့တာ။ တကယ်​လို့ အဲ့လူသာမင်းကchipပြားကိုအခြားလူဆီ​ရောက်​လိုက်​တာသိရင်​အလွတ်​​ပေးမယ်​ထင်​လား''

အိုင်​ဗန်​ကချန်​အန်း​နောက်​တ​ကောက်​​ကောက်​လိုက်​ပြီး အိပ်​ရာနံ​ဘေးခါးကိုင်းကာ တစ်​ခုခုရှာ​နေသည်​ကိုမြင်​​တော့ ညစ်​ကျယ်​ကျယ်​ပြုံးလိုက်​သည်​။ အိုင်​ဗန်​ကချန်​အန်းခါး​ကိုဆွဲချူပ်​ပြီး ​မောက်​လျက်​ အိပ်​ရာ​ပေါ်ဖိချလိုက်​သည်​။

"မင်းဘာလုပ်​တာလဲ လူသတ်​ဖို့နေရာ​ကောင်းလားစမ်းချင်​​နေတာလား'' ချန်​အန်း​နောက်​ပစ်​တံ​တောင်​နဲ့အိုင်​ဗန်​ရင်​ဘတ်​ကို​ဆောင့်​တွန်းလိုက်​​တော့ အိုင်​ဗန်​ရင့်​​အောင့်​သွားသည်​။

"ညင်​ညင်​သာသာလုပ်​စမ်းပါ ဒါလူသတ်​နိုင်​တာသိရဲ့လား။ကိုယ်​ကမင်းရဲ့ယုံကြည်​မှုနဲ့​တောင်​မထိုက်​တန်​ဘူးလားဟင်​။ အဲ့အိုးရန်​မျိုးနွယ်​နဲ့​ကောင်​ကို အကုန်​​လျှောက်​​ပြောပြီးမင်းဆီအပြစ်​ပုံချလို့ရတယ်​။အဲ့လိုဆို မင်းတကယ်​ဒုက္ခ​ရောက်​သွားမှာ။''

အခွင့်​​ကောင်းအယူခံရပြီး​နောက်​ ချန်​အန်းကသူ့ထိန်းချူပ်​မှုကလွှတ်​သွားသည်​။ အိုင်​ဗန်​ဆက်​ဖင်​မကျယ်​ရဲဘဲ ထိုအမျိုးသားကိုစနမ်းကာ သိုင်းဖက်​ပြီး နားထင်​​နောက်​မှတီးတိုး​ပြောလိုက်​သည်​။ ''အခုအရမ်းရင်​ခုန်​သွားပြီလား''

Rebirth of Chen An【Zaw + uni】Where stories live. Discover now