အခန်း (၅၇) တစ်​ဖက်​သတ်

9.1K 1.2K 29
                                    

အခန်း (၅၇) တစ်​ဖက်​သတ်

"Assad က ငါတို့စီစဉ်​​ပေးတဲ့လက်​နက်​​တွေကို အရမ်းသ​ဘောကျ​နေတယ်​။ ငါတို့ဆီကပဲ လက်​နက်​ထပ်​ဝယ်​ချင်​တယ်​တဲ့။ ဒါမယ့်​ ဒီတစ်​ခါ​တော့ လက်​နက်​ကြီး​တွေလိုချင်​တယ်​​ပြောတယ်​။'' နှာတံ​ပေါ်မှ မျက်​မှန်​ကိုပင့်​တင်​ရင်း ချန်​အန်းပြုံးလိုက်​သည်​။ ဒီအ​ခြေအ​နေကို သူ​မျှော်​လင့်​ခဲ့ပြီးသား။ တစ်​ချို့ လက်​နက်​​တွေက ​ငွေအများကြီးရှိမှာဝယ်​လို့ရတာကလွဲရင်​ ဘယ်​သူက ပို​ကောင်းတဲ့လက်​နက်​ကို မလိုချင်​ပဲ​နေပါ့မလဲ။

ချန်​အန်း အ​နေနဲ့က Assadကို လက်​နက်​ကြီး​တွေ​သေချာ​ပေါက်​​ရောင်း​ပေးနိုင်​တာ​ပေါ့။ ဒါ​ပေမယ့်​ အဲ့လိုဆိုရင်​​တော့ အထည်​ကြီးလက်​နက်​အ​ရောင်းအဝယ်​သမား​တွေနဲ့ ယှဉ်​ပြိုင်​ရလိမ့်​မယ်​။ ဘာလို့ဆို အိုင်​ဗန်​နဲ့လုဖုန်းရဲ့ အာရုံစိုက်​ခြင်းကိုခံရမှာမို့ပဲ။

အခုချိန်​မှာ သူဟာ သူ့ရဲ့အ​တွေ့အကြုံနဲ့ ယခင်​အဆက်​အသွယ်​​တွေကိုအမှီပြုထားလို့ရတယ်​။ သာမန်​​သေနတ်​နဲ့ခဲယမ်း​တွေ​ရောင်းပြီး အ​သေးစားလက်​နက်​အ​ရောင်းအဝယ်​သမား​တွေကို ဖိနှိပ်​ထားနိုင်​တယ်​။ ​နောက်​ခံဘာမှမရှိပဲ အလျင်​အမြန်​ကြီးထွားလာတဲ့ လက်​နက်​ကုန်​သည်​​တွေကို လူ​တွေကအ​နှေးနဲ့အမြန်​သတိထားမိမှာပဲ။ ဒီလိုဆိုရင်​​တော့ ​ခေါင်း​ရှောင်​ချင်​ရင်​​တောင်​ ​ရှောင်​လို့မရနိုင်​တဲ့ကိစ္စ​တွေရှိလာနိုင်​တယ်​။

ဘာပဲဖြစ်​ဖြစ်​ အ​နှေးနဲ့အမြန်​​တော့ သူ့နဲ့အိုင်​ဗန်​ ထိပ်​တိုက်​​တွေ့ ရအုန်းမှာပါ။

ဒီတစ်​ခါ ချန်​ယန်းကို အားလုံးလွဲထား​ပေးလိုက်​ရမလား။ ချန်​အန်း လက်​ထဲက ​ဘောပင်​ကိုကစားရင်း ခဏကြာ​တော့ ထိုင်​ခုံမှ မတ်​တပ်​ရပ်​လိုက်​သည်​။ ထို့​နောက်​ လက်​နှစ်​ဖက်​ကို ​ဘောင်းဘီအိတ်​ထဲထည့်​ပြီး စာကြည့်​ခန်းကပြတင်း​ပေါက်​​ရှေ့တွင်​ ရပ်​ပြီး ရှန်​ဟိုင်းမြို့၏ညမြင်​ကွင်းကို ​ငေးကြည့်​​နေလိုက်​သည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now