အခန်း (၁၀၃) ငါးဟင်းတစ်​ခွက်

8.3K 1K 26
                                    

အခန်း (၁၀၃) ငါးဟင်းတစ်​ခွက်

အနားယူအပြီးမှာ​တော့သူတို့​လှေဝမ်းထဲပြန်​ဝင်​ပြီး အဝတ်​အစားဝတ်​လိုက်​ကြသည်​။ ညကကိစ္စနှင့်​ပတ်​သက်​ပြီးအိုင်​ဗန်​နှင့်​အချင်းများရန်​ ချန်​အန်းမှာအဖက်​လုပ်​ချင်​စိတ်​ပင်​မရှိ​တော့။ မ​နေ့ညကမုန်​တိုင်းအပြီးမှာ ​လှေ​ပေါ်က​ရေသန့်​စနစ်​ပျက်​သွားပြီး ဆားငန်​ရည်​​တွေ​ရေကုန်​ပြီမို့​သောက်​လို့မရနိုင်​​တော့။

မီးဖို​ချောင်​ကလည်းရှုပ်​ပွ​နေပြီး ဆန်​များက​ရေစိုကုန်​သည်​ကိုချန်​အန်းမြင်​လိုက်​ရသည်​။ အသီးအနှံများကလည်းမီးဖို​ချောင်​အတွင်းပြန့်​​နေသည်​။

တကယ်​လို့မ​နေ့ကသာ အိုင်​ဗန်​ထန်​မ​နေဘူးဆိုလျှင်​သူတို့အခုလိုအဖြစ်​ဆိုးဖွယ်​ရာမရှိ။ချန်​အန်း​အောင့်​သက်​သက်​နှင့်​တရားခံ ကိုယ်​​တော်​ကိုကြည့်​လိုက်​​တော့ အိုင်​ဗန်​က​ဘောင်းဘီကိုလိပ်​တင်​ပြီး​လှေဝမ်းထဲကငါး​တွေကိုဖမ်းဖို့ကြံ​နေသည်​။

"​ဘေဘီ ဒီ​နေ့ငါးချက်​စားရ​အောင်​ကွာ''

ချန်​အန်း၏ထွက်​လု​ဒေါသကိုအတင်းချူပ်​တီးလိုက်​ပြီး မီးဖို​ချောင်​မှထွက်​ကာ ငါးကိုသွားယူလိုက်​သည်​။ အိုင်​ဗန်​ကတဖျက်​ဖျက်​လှုပ်​ယွ​နေသည့်​ငါးနှင့်​နပန်းသတ်​ပြီး ​အော်​သည်​။ ''​ဟေ့​ကောင်​ မီးဖို​ချောင်​ထဲသွားကွ!"

ရှုပ်​ပွ​နေသည့်​မီးဖို​ချောင်​ထဲလူနှစ်​​ယောက်​ဝင်​တိုးလို့က လုံးဝအဆင်​မ​ပြေ။ အိုင်​ဗန်​ကိုယ်​တိုင်​လည်းဘာမှမချက်​တတ်​တာ​ကြောင့်​ဒီတစ်​ခါမီးဖို​ချောင်​အပြင်​မှာ​နေဖို့သူဆုံးဖြတ်​လိုက်​သည်​။ အိုင်​ဗန်​ကတရုတ်​သီချင်းတစ်​ပုဒ်​ကိုဆိုရင်း ​​လှေဝမ်းထဲ တွင်​အလုပ်​ရှုပ်​​နေသည်​။ သူဘာမှမချက်​တက်​​ပေမယ့်​စက်​ပိုင်း​တော့ကျွမ်းကျင်​​နေ၍​တော်​​သေးသည်​။

ကြမ်းပြင်​​ပေါ်ထိုင်​ချပြီး ​ရေသန့်​စက်​ကိုပြင်​​နေသည့်​အိုင်​ဗန်​ရုတ်​တရက်​ နှာရှုံ့ သံ​ကြောင့်​​ကျော​ပေးထားသည့်​ဖက်​ကိုပြန်​လှည့်​ကြည့်​လိုက်​သည်​။ ချန်​အန်းကလက်​တစ်​ဖက်​မှာဓားကိုကိုင်​ပြီးကျန်​တစ်​ဖက်​ကငါးကိုကိုင်​ကာ ငါး၏​ခေါင်းကိုတိခနဲဖြတ်​ချပစ်​လိုက်​သည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now