အခန်း (၁၅၂) မင်းဘာအမှားလုပ်ထားလဲပြန်စဥ်းစားဖို့လိုပြီ

1.5K 250 4
                                    

အခန်း (၁၅၂) မင်းဘာအမှားလုပ်ထားလဲပြန်စဥ်းစားဖို့လိုပြီ

ချန်ယန်းကတော့ အဲ့PEဆရာဘယ်လိုလုပ်ချန်အန်းနဲ့အဆက်သလဲရသလဲဆိုတာနားမလည်တော့ဘူး။PEအတန်းလေးပဲဟာ သူအတန်းမတက်လို့အအောင်မပေးလည်းရတယ်လေ။သူ့မှာအခြားနည်းနဲ့အမှတ်ရအောင်ပြန်လုပ်နိုင်တာပဲ။

ဒီဆရာကချန်အန်းကိုသူ့အတန်းမတက်တာနဲ့ပဲဖုန်းဆက်တယ်။ချန်ယန်းအနေနဲ့တက္ကသိုလ်မှာဘယ်ဆရာနဲ့မှရင်းနှီးတာမဟုတ်ဘူး။ ဒါပေမဲ့ချန်အန်းကိုသူ့ကြောင့်အနှောက်အယှက်အဖြစ်မခံနိုင်လို့ဒီနေ့တော့အတန်းတက်ပြီးဆရာနဲ့စကားပြောဖို့ကြံထားတယ်။

'' ဒီဆရာကဘယ်သူလဲ။ သွေးဆုံးကိုင်နေတဲ့အဘွားကြီးလား?'' ချန်အန်းကသူတို့ Gym ခန်းသွားနေတဲ့လမ်းမှာဝမ်လီကိုမေးလိုက်တော့ဝမ်လီချော်လဲတော့မလိုတောင်ဖြစ်သွားသည်။

'' မဟုတ်ဘူးမဟုတ်ဘူးဆရာကယောက်ျားကြီးပါ။'' ဝမ်လီကတော့ချန်ယန်းကိုပြောပြချင်ပေမဲ့ချန်အန်းဆီကခွင့်ပြုမိန့်မရလို့မပြောရဲဘူး။ ပါးစပ်ဖွာမယ့်အစားသေလိုက်ဖို့ပဲရွေးရမယ့်အနေအထားဆိုတော့လေ။

'' ဒါဆိုရင်သူကတစ်ကောင်ကြွက်လူပျိူသိုးကြီးပဲဖြစ်ရမယ်။'' ချန်ယန်းကတော့လူမမြင်ရသေးပေမယ့်ဒီဆရာကိုဘယ်လိုမှအကောင်းမမြင်နိုင်ဘူး။စိတ်ထဲမှာသက်လယ်ပိုင်းအရွယ်ကပ်စေးနဲကော်တရာအကျင့်မကောင်း စာနာစိတ်လည်းမရှိတဲ့ခေါင်းမာတဲ့အဘိုးကြီးတစ်ယောက်ကိုပဲမြင်နေသည်။

'' မဟုတ်ပါဘူး။သူကချောပါတယ်။ပြီးတော့လူကောင်းပါ။'' ဝမ်လီကတော့လက်တွေကိုလိမ်ပြီးစကားကိုထိန်းပြောနေရသည်။တော်သေးတာပေါ့ချန်အန်းအနားမှာမရှိလို့မဟုတ်ရင်ချန်ယန်းအလောင်းမြေမြှုပ်ရလောက်ပြီ။

ဒါပေမဲ့ ချန်ယန်းရဲ့ တစ်ကောင်ကြီးလူပျိူသိုးဆိုတဲ့စကားကိုတော့ဝမ်လီ နည်းနည်းစိတ်လှုပ်ရှားမိတယ်။တွေ့များတွေ့ရင်ဘယ်လိုများဖြစ်မလဲပေါ့။

အရင်တစ်ပတ်ကလိုမဟုတ်ဘဲချန်ယန်းနဲ့ဝမ်လီGymခန်းထဲအချိန်စောရောက်သလိုကျောင်းသားကျောင်းသူတော်တော်များများကလည်းထူးထူးဆန်းဆန်းရောက်နှင့်နေသည်။

Rebirth of Chen An【Zaw + uni】Where stories live. Discover now