အခန်း (၁၄၈) ဦးလောဘ

1.7K 280 4
                                    

အခန်း (၁၄၈) ဦးလောဘ

ချန်အန်းကသူ့ထက်ငယ်တဲ့သူဆီကlessonပေးခံရတာမျိူးလက်မခံနိုင်တာကြောင့်တင်းရှန်းကိုပြန်တုပ်ပစ်လိုက်သည်။ '' မင်းကရောသိပ်ပြီးအတွေ့အကြုံကြွယ်ဝနေလို့လား။ ဒီမှာမိတ်ဆွေမေးပါရစေ။ မင်းဘယ်နှခေါက်များရည်းစားထားဖူးသလဲ။''

တင်းရှန်းတစ်ယောက်ချန်အန်းမေးခွန်းမှာ မြေပေါ်ကိုဖုတ်ခနဲဖြုတ်ကျသွားသည်။ ''ဒါက ကိုယ်ရေးကိုယ်တာမေးခွန်းကြီးပဲ။မဖြေနိုင်ဘူး။''

'' အင် အင်'' ချန်အန်းကမော်မော်ချီချီပြုံးပြီးလက်သုံးချောင်းကိုတင်းရှန်းမျက်နှာရှေ့ဝှေ့ရမ်းလိုက်သည်။

'' မှန်းစမ်း ငါတို့ Justice Boy လေးကကျောင်းမှာစံပြကျောင်းသားလေးဖြစ်ရမယ်။မူကြိုကနေတက္ကသိုလ်ရောက်တဲ့အထိသူကထိပ်တန်းကျောင်းသားလေးပေါ့။ သူ့ရဲ့ရုပ်ချောချောလေးပါထည့်ပေါင်းလိုက်ရင်ကောင်မလေးတွေမျက်စပစ်ခံရတာတင်မကဘဲရည်းစားစာတွေတော်တော်ရဖူးလိမ့်မယ်။''

တင်းရှန်းကချန်အန်းခန့်မှန်းချက်ကို ရင်ကော့လျက်ဂုဏ်ယူနေသည်။

'' ဒါကတော့ခင်ဗျားမှန်သွားပြီ''

'' ဒါပေမဲ့ဒီကောင်လေးကစာနဲ့အလုပ်မှာသိပ်အာရုံစိုက်လွန်းတယ်။ သူ့မှာချိန်းတွေ့ဖို့အချိန်တောင်မရှိရှာဘူး။ သူအိမ်ဘေးကကောင်မလေးကိုလက်ကိုင်ဖူးတဲ့နောက်ဆုံးအချိန်ကမူကြိုတုန်းကပေါ့။အတိအကျပြောရရင်အခုချိန်ထိသူဟာ အချစ်ရေးနဲ့ပတ်သက်ရင်မွေးကင်းစကလေးသာသာပဲ။''

''ခင်ဗျားနောက်ကြောင်းလိုက်ထားတာလား။'' တင်းရှန်းကမျက်နှာနီနီရဲရဲနဲ့ရှူးရှူးရှားရှားထအော်လိုက်သည်။

''မင်းတောင်ငါ့နောက်ကြောင်းလိုက်ထားသေးတာပဲ။ငါရောဘာလို့မရရမှာလဲ။ မင်းငါ့ကိုသုံးနှစ်တောင်နောက်ယောင်ခံခဲ့တာမှတ်မိသေးလား။'' ချန်အန်းကတင်းရှန်းပြန်ထိုင်ခိုင်းလိုက်ပြီးပြန်နှစ်သိမ့်လိုက်သည်။ ''မင်းဘာလို့ငါ့​ေနာက်လိုက်နေသေးလဲ။မင်းသာအဲ့သုံးနှစ်မှာကောင်မလေးတစ်ယောက်ကိုလိုက်ပိုးရင်ခုဆိုကလေးတောင်ရနေလောက်ပြီ။''

Rebirth of Chen An【Zaw + uni】Where stories live. Discover now