အခန်း(၃)​ဆေးရုံမှအဆင်း

20.2K 2.2K 15
                                    

ချန်​ယန်းကချန်​အန်းရဲ့တူအရင်း မနှစ်​ကပဲရှန်​ဟိုင်း တက္ကသိုလ်​မှာဝင်​ခွင့်​ရခဲ့တယ်​။ ချန်​အန်းကရှန်​ဟိုင်းမှာစီးပွား​ရေးလုပ်​ငန်းလုပ်​ပြီးစု​ဆောင်းထားတာရှိတဲ့အတွက်​သူ့တူတစ်​​ယောက်​ကို​တော့ကြည့်​​ပေးဖို့အပန်းမကြီးခဲ့ဘူး။ ဒီ​နေရာမှာ​မေးစရာအချက်​တစ်​ချက်​က အသက်​၃၀​ကျော်​​ယောက်ျားတစ်​​ယောက်​ဖြစ်​ပြီး ဘာလို့အိမ်​​ထောင်​မကျ​သေးတဲ့အပြင်​ ရည်းစား​လေးတစ်​​ယောက်​​တောင်​မရှိရတာလဲ ဆိုတဲ့အ​ကြောင်းအရင်း။ အ​​ဖြေက​တော့ချန်​အန်းကလိင်​တူချစ်​သူဖြစ်​ပြီး ​ယောက်ျား​တွေကိုသာသ​ဘောကျ​သော​ကြောင့်​ဖြစ်​သည်​။

ခပ်​ငယ်​ငယ်​အဆင်​​လေးတစ်​​ပွေနဲ့မတွဲခင်​​တော့ ချန်​အန်းဘဝကအထီးကျန်​တာလွဲရင်​​တောက်​​တောက်​​ပြောင်​​ပြောင်​ပဲ။ ဒါ​ပေမယ့်​ သူ့တွဲခဲ့တဲ့ချူဆီ​လေးက သူ့ကုမ္ပဏီကို​ဒေဝါလီခံရုံမျှမက တိုက်​ခန်းကိုပါဆုံး​အောင်​ ​ကောင်း​ကောင်းကြီးအကျိုး​ပေးသွားတယ်​​လေ။ အချစ်​လည်းဆုံး၊ဥစ္စာလည်းပြုန်း ​နောက်​ဆုံး​တော့ ကိုယ့်​လက်​ကိုယ်​ဓားနဲ့လှီးပြီးဘဝပါကိစ္စတုန်းဖို့ကြံရွယ်​ခဲ့ပုံရသည်​။ ကံ​ကောင်းစွာနဲ့ပဲ ချန်​ယန်းကအချိန်​မှီ​တွေ့သွားပြီး သူ့ကို​ဆေးရုံပို့ခဲ့လို့ အခုလိုအသက်​မ​သေခြင်းဖြစ်​သည်​။

အသက်​မ​သေခဲ့​သော်​လည်းမှတ်​ဥာဏ်​က​တော့​ပျောက်​သွားပုံရ၏။ ချန်​ယန်းက​တော့ဒါကိုအဆိုးကြီးမဟုတ်​ဘူးလို့ယူဆသည်​။ အတိတ်​ဆိုး​တွေကို​မေ့သွားတာက အနာဂတ်​အသစ်​မှာ​ကောင်း​ကောင်း​နေသွားနိုင်​မယ့်​လက္ခဏာပဲ​လေ။ ဘယ်​လို​ကြောင့်​လဲ​တော့မသိ သူ ဦး​လေးချန်​ကိုအခြားတစ်​​ယောက်​​ပြောင်းသွားသလို​တော့ခံစား​နေရသည်​။

ချန်​အန်းတကယ်​ကိုအ​ကြော​ဆေးရည်​အနံ့ ကိုမခံစားနိုင်​​တော့။ လူလည်း​ကောင်း​နေပြီးဆိုမှ​တော့​ဆေးရုံကအမြန်​ဆင်းဖို့မဖြစ်​နိုင်​စရာအ​ကြောင်းမရှိဟုသူယူဆသည်​။ ချန်​ယန်းရဲ့အကူအညီနဲ့​ဆေးရုံစရိတ်​ကိုရှင်းပြီး သူတို့တူဝရီးနှစ်​​ယောက်​​ဆေးရုံကဆင်းခဲ့ကြသည်​။
ဆေးရုံအပြင်​ကို​ခြေချလိုက်​သည်​နှင့်​သူ့ဦး​ခေါင်းထက်​မှစဖြာကျ​နေသည့်​​နေ​ရောင်​ခြည်​အထိအ​တွေ့​ကြောင့်​သူပြုံးမိသည်​။ ထို့အတူကိုယ့်​ကိုယ်​ကိုတိတ်​တဆိတ်​​လှောင်​မိပြန်​သည်​။ ကျွန်း​ပေါ်က​နေ​ရောင်​ကရှန်​ဟိုင်းမြို့​ပေါ်က​နေထက်​အဆတစ်​ရာပိုလှတယ်​ ဒါ​ပေမယ့်​လွတ်​လပ်​တဲ့လူတစ်​​ယောက်​အ​နေနဲ့ က​တော့ရှန်​ဟိုင်းမြို့​ပေါ်က​နေ​ရောင်​က ပိုသာသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now