အခန်း(၁၁၅) ဥ​ပေက္ခာ

10.2K 1.2K 62
                                    

အခန်း(၁၁၅) ဥ​ပေက္ခာ

ခဏမှီရုံဟုဆို​သော်​လည်း ချန်​အန်းကိုယ်​မှာလုဖုန်းပုခုံးနဲ့ထိသည်​နှင့်​ပြိုကျလာသည်​မို့ လုဖုန်းသိမ်းကြုံးဖက်​ပြီးဖြည်းဖြည်းချင်းထိုင်​ချလိုက်​ရသည်​။ တကယ်​ဆိုဝိုင်​တစ်​ခွက်​​လောက်​နဲ့မူးမသွားသင့်​ဘူး ဒီလူ့​သောက်​နိုင်​အားက​တော့သိပ်​ညံ့တာပဲဟု လုဖုန်းမှတ်​ချက်​ချလိုက်​သည်​။

"​ဘော့စ်​လု ခင်​များသူ့ကို...'' အနီးနားမှသက်​​တော်​​စောင့်​က တီးတိုးကပ်​​ပြောလာ​လေ​တော့ လုဖုန်းက ''မလိုဘူး''ဟုငြင်းဆန်​လိုက်​သည်​။

"​နေအုန်း ​စောင်​ယူလာခဲ့'' ​နေရာပြန်​လုဆဲဆဲသက်​​တော်​​စောင့်​ကိုထပ်​အမိန့်​​ပေးပီး သူ့ပုခုံးမှီလျှက်​အိပ်​​ပျော်​​နေသည့်​အမျိုးသားသက်​​တောင့်​သက်​သာဖြစ်​​စေရန်​အလို့ငှါ ​ခေါင်းကိုဖြည်းဖြည်းချင်းထိန်းကိုင်​ပြီး ကိုယ်​၌​ပေါင်​​ပေါ်တင်​လိုက်​၏။ထို့​နောက်​အ​အေးမမိ​စေရန်​​စောင်​ပါးကိုလွှမ်း​ပေးလိုက်​သည်​။

လော့အိဂျလိစ်​​ရောက်​ရန်​တစ်​နာရီမျှကျန်​​သေးသည်​မို့ လုဖုန်းတိတ်​ဆိတ်​စွာဖြင့်​​လေယာဉ်​ပြတင်းအပြင်​မှ တိမ်​လွှာပါးနှင့်​မိုးသားပြာကို​ငေးကြည့်​​နေမိသည်​။ အမှန်​တကယ်​​တော့ ​လေယာဉ်​အပြင်​မှမြင်​ကွင်းသည်​မလှပါ သို့​ပေမယ့်​အမှတ်​တမဲ့မိမိ​ပေါင်​​ပေါ်မှအမျိုးသားကိုငုံ့ ကြည့်​လိုက်​မိသည်​။ ချန်​အန်းကိုမြင်​သည့်​အခါတိုင်းမှာ သူ့စိတ်​ထဲရင်းနှီးကျွမ်းဝင်​မှုကိုခံစား​နေရသလို ဒီလူဟာချန်​ကျန်းလားလို့​နေ့​နေ့၊ညည​တွေး​နေမိသည်​။ အဆုံးအစွန်​နံမည်​ကအစဆင်​တူ​နေသည်​မဟုတ်​လား။

ဒါ​ပေမယ့်​လို့ အဲ့လို​တွေးမိတဲ့အခါတိုင်း ချန်​ကျန်းအန်းကချန်​ကျန်းအန်း။ချန်​အန်းကချန်​အန်းသာဖြစ်​​ကြောင်း လုဖုန်းကိုယ့်​ကိုယ်​ကိုအပြင်းထန်​သတိ​ပေး​နေရသည်​။

ဒါ​ပေမယ့်​...အိပ်​​ပျော်​​နေချိန်​မှာ​တောင်​သူတို့ဘာလို့ဒီ​လောက်​​တောင်​တူ​နေရတာလဲ။

Rebirth of Chen An【Zaw + uni】Where stories live. Discover now