အခန်း(၅၈) လန်​ကြုတ်​​ရေစက်

9K 1.2K 57
                                    

အခန်း(၅၈) လန်​ကြုတ်​​ရေစက်

ချန်​ယန်းထွက်​သွားပြီး​နောက်​ တိတ်​ဆိတ်​​နေသည့်​ကမ္ဘာကြီးက ပိုလို့တိတ်​ဆိတ်​သွားသည်​။

"ဝမ်​လီ ​တွေ့ပြီလား'' သတင်းစာကို လက်​မှာကိုင်​ရင်း ချန်​အန်းစာကြည့်​ခန်းထဲဝင်​လာသည်​။

ဝမ်​လီက ကွန်​ပျူတာ​ရှေ့မှာထိုင်​​နေပြီး စိတ်​လုပ်​ရှားစွာနဲ့​ခေါင်းညိမ့်​လိုက်​သည်​။ ''အန်းရှူ ၊ ကျွန်​မ​တွေ့ပြီ''

"ကွန်​ပျူတာ expertတစ်​​ယောက်​ကို ​နေ့တိုင်း အိမ်​အလုပ်​ပဲခိုင်း​နေရင်​ ဒါဟာသူ့အရည်​အချင်းကိုဖြုန်းတီးရာကျတာပဲ။'' ချန်​အန်းက ပြုံးလျှက်​ချီးကျူးလိုက်​သည်​။

ဝမ်​လီ က ချီးကျူးသံ​ကြောင့်​ ရှက်​ပြုံး​လေးပြုံး၏။ ''အန်းရှူ ကျွန်​မ ​ရေသွားယူ​ပေးမယ်​''

"အင်​ ​ကျေးဇူးပဲ '' ကွန်​ပျူတာ ​ရှေ့မှာထိုင်​ပြီး ဖန်​သားပြင်​​ပေါ်ကအချက်​အလက်​​တွေကို ချန်​အန်းဖတ်​လိုက်​သည်​။ သူမျက်​​တောင်​ခဏခတ်​လိုက်​သည်​။ လူ​ဟောင်း​တွေကို ရှာနိုင်​တဲ့လူက သူကလွဲရင်​ဘယ်​သူမှမရှိဘူး။

နယ်​လှည့် ​​စု​ဆောင်းထားတာနဲ့ ဆယ်​စုနှစ်​စာအရည်​အချင်းမရှိရင်​ က​ချေသည်​တစ်​​ယောက်​က ထမင်းမစားပဲ​နေရသလိုခက်​ခဲတယ်​။ အ​တွေ့အကြုံနဲ့အရည်​အချင်းရှိရင်​​တောင်​ အိုင်​ဗန်​နဲ့လုဖုန်းလို တိုင်​ပြည်​ကြီးပိုင်​ဆိုင်​ထားတဲ့ လူ​တွေကိုရင်​ဆိုင်​ဖို့ကခက်​ခဲတယ်​။ ဒါ​ကြောင့်​ ပိုသင့်​​လျော်​တဲ့လူတစ်​​ယောက်​ကိုသူရှာရမယ်​။

"ငါမင်းကို​တွေ့ပြီ''

ဂျက်​ဂီတအဆို​တော်​က စင်​​ပေါ်မှာ နွဲ့​နှောင်းစွာသီဆို​နေပြီး အ​မှောင်​ကျ​နေသည့်​ ဘားအတွင်းတွင်​လူအချို့ ထိုင်​​နေကြသည်​။

"Sir ဘာများလိုအပ်​ပါသလဲခင်​မျာ'' ငယ်​ရွယ်​​ချော​မောသည့်​ bartender က ဧည့်​သည်​အသစ်​ကိုအပြုံးနှင့်​ ကြိုဆိုနှုတ်​ဆက်​သည်​။ ရိုးရှင်းပြီး သန့်​ပြန့်​သည့်​ဝတ်​စုံနှင့်​ ​ငွေကိုင်းတပ်​မျက်​မှန်​​ကြောင့်​ ထိုဧည့်​သည်​မှာ သိမ့်​​မွေ့ပြီး ခန့်​ညားသည်​။ သူ့အမူအရာကလည်း တည်​ညိမ်​​အေး​ဆေးလွန်းသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now