အခန်း (၁၅၇) ကွဲသွားတဲ့ခြင်း

1.5K 181 7
                                    

အခန်း (၁၅၇) ကွဲသွားတဲ့ခြင်း

သူတို့ကစားနေတဲ့ပုံစံကိုကြည့်ရတာလုံးဝကိုမူမှန်မနေပေ။ သူတို့ပုံစံကြည့်ရတာ ဘတ်စကတ်ဘောကစားနေတာထက် စစ်မြေပြင်မှာစီးချင်းထိုးနေသည်ကပိုတူသည်။

ဝမ်လီကတော့ ချန်ယန်းနဲ့လုဖုန်းတို့မျက်စိရှေ့လေးမှာတင် တစ်ယောက်နှစ်ယောက်နပန်းလုံးပြီးဆွဲထိုးကြတော့မှာကိုစိုးရိမ်နေသည်။ ချန်အန်းကတော့ ခုံတန်းလျားမှောက်ခုံအိပ်နေပြီး သူများနှိပ်ပေးတာကိုဇိမ်ခံနေတဲ့ကြောင်ကြီးလိုမှိန်းနေသည်။

''နည်းနည်းအောက်ဆင်း ဟုတ်ပြီ အဲ့နားလေး။ အင်းးး အဲ့နားလေးပိုနှိပ်'' ချန်အန်းရဲ့ရှက်စရာကောင်းတဲ့အမိန့်ပေးသံတွေကဘတ်စကတ်ဘောကွင်းထဲမှာဘယ်လောက်တောင်မသင့်တော်လိုက်သလဲဆိုတာသူကတော့သတိထားမိပုံမပေါ်ပေ။

အားလုံးရဲ့အာရုံအများစုက ပြိုင်ပွဲဝင်နေတဲ့နှစ်ယောက်အပေါ်မှာရှိတာမှန်ပေမယ့် လာကြည့်နေတဲ့ကျောင်းသူကျောင်းသားတွေအနေနဲ့ ခုံတန်းလျားပေါ်ကလူကိုသတိမထားမိဖို့ဆိုတာကလည်းမဖြစ်နိုင်ဘူးလေ။

နာရီဝက်ကအရမ်းအလျင်စလိုဖြစ်တာပဲ... ချန်အန်းတိတ်တိတ်ကလေးသူ့ဘာသူရေရွတ်လိုက်သည်။
ပြီးတော့ကောင်ငယ်ကလေးက သတိထားပါမယ်ဆိုတဲ့စကားကိုလေထဲဝဲပစ်လိုက်ပြီး ပိုပြီးကမန်းကတမ်းဆန်လာသည်။ အေးဆေးလုပ်ပါလို့သူပြောရဲ့သားနဲ့ မစောင့်နိုင်တော့ဘူးတဲ့လေ။ ပြီးတော့ဆင်ခြေပေးရဲသေးတယ် အချိန်မလောက်လို့ဆိုပဲ။
ဘာအချိန်မလောက်တာလဲ။ အချိန်မလောက်ရင် ဘာလို့မြန်မြန်ပြီးအောင်မလုပ်ဘဲ မပြီးနိုင်မဆုံးနိုင်နှိုက်လိုက်ဆော့လိုက်လုပ်နေတာလဲ။

''အန်ကယ်ချန် တကယ်အဆင်ပြေပါ့မလား'' အနှိပ်သမအစားထိုးဝမ်လီလေးကအသံတိုးတိုးဖြင့်ချန်အန်းကိုမဝံ့မရဲမေးလိုက်သည်။

ချန်ယန်းနဲ့လုဖုန်းကတော့ ကွင်းထဲမှာနဂါးနဲ့ဂဠုန်တွေ့သလိုအကြိတ်အနယ်ဘောလုံးကိုလုနေကြသည်။ ပထမတော့လုဖုန်းက ခံစစ်ဘက်ကနေဆော့ပြီး ချန်ယန်းက တိုက်စစ်ဘက်ကနေဆော့သည်။ဝမ်လီကချန်ယန်းရဲ့ရက်ပိုင်းအတွင်းလေ့ကျင့်ရေးပုံစံတွေအားလုံးကိုမြင်ထားတာကြောင့် ချန်ယန်းက အဝေးပစ်အနေနဲ့အားသာတာတွေ့ရသည်။ ဒါပေမဲ့အခုချန်ယန်းကအနီးကပ်တိုက်ဖို့ကြိုးစားပြီး လုဖုန်းရဲ့ခုခံမှုကိုကျော်ကာ လှလှပပအနီးကပ် ခြင်းထဲဘောလုံးကိုပစ်ချပြလိုက်သည်။

Rebirth of Chen An【Zaw + uni】Where stories live. Discover now