အခန်း (၁၀၆) တစ်​​ယောက်​ထဲထားမသွားနဲ့

8.6K 1.2K 72
                                    

အခန်း (၁၀၆) တစ်​​ယောက်​ထဲထားမသွားနဲ့

ဒါက ဆိုဗီယက်​တပ်​ဖွဲ့​တွေစခန်း​ပြောင်းစဉ်​မှာ ရန်​သူ​တွေယူမရ​အော​င်​ ဒီဇယ်​ကို​ရေနှင့်​​ရောခဲ့ခြင်းဖြစ်​မည်​။ ဒီဇယ်​​တွေသုံးမရမှ​တော့ သူပြန်​သွားပြီး အိုင်​ဗန်​ကိုသတင်းဆိုး​ပြောပြရ​တော့မှာ​ပေါ့။

ဒီဇယ်​​တွေသုံးမရတာက ချန်​အန်းကိုအနည်းငယ်​နှ​မြောတသဖြစ်​​စေ​ပေမယ့်​ အိုင်​ဗန်​ကိုပြန်​ရှာရမယ်​လို့​တွေးလိုက်​စဉ်​မှာ​တော့ သူ့စိတ်​ညိမ်​သွားသည်​။

နောက်​ပြန်​လမ်း၏​ခြေလှမ်းများကမြန်​သထက်​မြန်​လာသည်​။ ကွင်းပြင်​တစ်​​လျှောက်​ ​လေ​အေးများကတဟူးဟူးတိုက်​ခတ်​​နေပြီး မြက်​ရှည်​များ၏ယိမ်းနွဲ့မှု​ကြောင့်​ ထိုဝက်​ဝံစုတ်​ကိုမမြင်​ရ​တော့။ မလိုအပ်​တဲ့အချိန်​ကျ​တော့ အမြဲတမ်း​ပေါ်​ပေါ်လာပြီး အလိုအပ်​ဆုံးအချိန်​မှာ​တော့ သင်းဟာဆံတစ်​မျှင်​​တောင်​ရှာမရ​တော့ပြန်​ဘူး။

ချန်​အန်း အသံကုန်​​အော်​လိုက်​သည်​ ''အိုင်​ဗန်​!"

နားထဲတွင်​​လေသံမှလွဲ၍​ဖြေသူမဲ့​နေသည်​။ ​နေလုံးကတဖြည်းဖြည်းကျလာပြီး ​ရောင်​နီ​ဖျော့လာသည်​။ ​ကောင်းကင်​ကလည်း နက်​ပြာ​ရောင်​နှင့်​ ကြယ်​များစလင်း​နေပြီ။

အကြိမ်​​ရေအ​တော်​များများ​အော်​​ခေါ်​သော်​လည်း  အိုင်​ဗန်​၏ထူးသံကိုမကြားရ။ ချန်​အန်း တဖြည်းဖြည်း စိတ်​ပူလာသည်​။ အဲ့ဒီဝက်​ဝံအစုတ်​အပျက်​ဘာမှဖြစ်​မ​နေပါဘူး​နော်​။

"အိုင်​ဗန်​...!!"

"မင်းဘယ်​မှာလဲ? ကြားရင်​ပြန်​ထူး​လေ''

အိုင်​ဗန်​ ဒီဖက်​သွားတာ သူမှတ်​မိပါတယ်​။ ​နေလုံးကတဖြည်းဖြည်းပင်​လယ်​ထဲနစ်​မြှုပ်​စပြုလာသည်​။ ည၏အစပျိုးမှုမှာ ကျွန်း၏ပတ်​ဝန်းကျင်​သည်​ဆိုးဆိုးဝါးဝါး​ခြောက်​ခြားစရာ​ကောင်းလာသည်​။ အမည်​မသိငှက်​များကခပ်​နိမ့်​နိမ့်​ပျံသန်းလာပြီး အ​ဆောက်​အဦပျက်​ထဲဝင်​ခိုကြကုန်​သည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now