အခန်း(၁၂၄) မနာလိုသည့်ခံစားချက်

3.3K 473 61
                                    

အခန်း(၁၂၄) မနာလိုသည့်ခံစားချက်

''လင်ဟောက်လိုအညွှန့်တက်စအားကစားသမားတစ်​ယောက်အနေနဲ့ဒီလိုပုံတွေပြန့်သွားရင် သူ့အလုပ်ကအဆုံးမသတ်သွားလောက်ပေမယ်​့ လူပြောစရာတော့ဖြစ်မှာပဲ။ ဒီလိုလူငယ်လေးတစ်ယောက်က လူတွေပြောသမျှကိုခံနိုင်ရည်ရှိမယ်လို့မင်းထင်လား။''

ဒီလိုဆိုရင်တော့တက်သစ်စကြယ်ပွင့်လေးကြွေလွင့်သွားလိမ့်မည်။
ချန်အန်းကဤခြိမ်းခြောက်စကားများကို အန္တရာယ်သံမရောဘဲ ဖြူစင်သည့်ဟန်ဖြင့်ဖုန်းကိုလှုပ်ပြ၍ပြောနေခြင်းဖြစ်သည်။

''သူနာမည်ပျက်တော့ရောဘာဖြစ်လဲ။ငါနဲ့ဘာဆိုင်လို့လဲ '' တုန်းရှဲ့ကလည်းပွဲသိမ်းတိုက်ပွဲအတွက်ပြင်ဆင်ထားပြီလေ။

''ကျွတ်ကျွတ် '' ချန်းအန်းစုတ်သပ်လျက် လင်ဟောက်ရင်ဘတ်ကို လက်ချောင်းဖြင့် အဝိုင်းပုံဆွဲပွတ်သပ်ပြလိုက်သည်။တုန်းရှဲ့၏အကြည့်များကသူ့လက်ချောင်းသွားရာအတိုင်းရွေ့နေပြီး ဒေါသထွက်ဂနာမငြိမ်ဖြစ်နေသည့်အရိပ်အယောင်များကလည်းချန်အန်းအကြည့်ကမလွတ်ပေ။

'' မင်းသူ့ကိုဂရုစိုက်တာငါသိပါတယ်။ မင်းသူ့ကိုအဝေးကြည့်ပြီးလေးစားခဲ့တာ အခုသူဒုက္ခရောက်တော့မှာကိုထိုင်ကြည့်တော့မယ်ပေါ့လေ။ ဒါဆိုလည်း သူ့လက်ကောက်ဝတ်အကြောလေးကိုပဲဖြတ်ပစ်လိုက်ရအောင် တင်းနစ်ရိုက်တံကိုဘယ်တော့မှပြန်မကိုင်နိုင်တော့ဘူးပေါ့။ ''

လုဖုန်းဆီတုန်းရှဲ့ကိုစောင့်ကြည့်ဖို့မျက်ရိပ်ပြပြီး ချန်အန်းဘောင်းဘီထဲကဓားကိုထုတ်ကာလင်ဟောက်လက်ကောက်ဝတ်ကိုချိန်လိုက်သည်။

''ရပ်လိုက် ။ လုဖုန်းမင်းလိုချင်တာငါ့အသက်ပဲမလား'' နဖူးကြောများထောင်သည်အထိအံ့ကြိတ်ထားသည့်တုန်းရှဲ့က လုဖုန်းနဲ့ချန်အန်းကိုစူးစူးဝါးဝါးကြည့်ရင်းအော်လိုက်သည်။

'' နေပါဦး အရှေ့ပိုင်းမစ္ဆာလို့နာမည်ရထားတဲ့သူက ဘယ်လိုတောင်နှလုံးသားရေးရာမှာပိန်းတိန်းနေရတာလဲ။ မင်းကိုသတ်ချင်ရင် အပင်ပန်းခံမနေဘဲမင်းခေါင်းကိုအပေါက်ဖောက်လိုက်တာကြာပေါ့။ ''

Rebirth of Chen An【Zaw + uni】Where stories live. Discover now