အခန်​(၁၀၉) ပြန်​​ပေးဆွဲခံရခြင်း
8.5K 1.1K 46
အခန်း (၁၀၉)
မုန်​တိုင်းလာ​နေချိန်​မှာ ​လှေ​ပေါ်​နေတာကအကြံ​ကောင်း​တော့မဟုတ်​​ပေမယ့်​ သူတို့အခုကမ်း​ခြေကို​ရောက်​နှင့်​​နေပြီဖို့​နောက်​ဆုတ်​ဖို့ကလည်းအခက်​​တွေ့​နေပြီ။ အ​ရေးအကြီးဆုံးအချက်​က ချန်​အန်းတစ်​​ယောက်​လူသူမရှိတဲ့သူစိမ်းအခန်းမှာတစ်​​ယောက်​ထဲ​နေချင်​မှာမဟုတ်​ဘူးလို့ အိုင်​ဗန်​​တွေးမိလို့ပင်​။ ​လှေဝမ်းခန်း​လေးကဘာပဲ​ပြော​ပြော သူအသားကျ​နေပြီ​လေ။
ဒါ​ပေမယ့်​ပြသာနာက သူတို့ကမ်း​ခြေ​ရောက်​​တော့ရာဘာ​လှေ​လေးကိုရှာမ​တွေ့ရ​တော့ခြင်း​ပေ။
"ဆွဲသွားတဲ့အရိပ်​အ​ယောင်​လည်းမရှိဘူး။ ဒီလှိုင်း​လောက်​နဲ့ကိုယ်​တို့ရာဘာ​လှေကိုပင်​လယ်​ထဲဆွဲချနိုင်​မယ်​လို့လည်း ကိုယ်​မထင်​ဘူး။'' အိုင်​ဗန်​က သူ့ကိုယ်​​ပေါ်ကပစ္စတိုကိုပုတ်​လိုက်​ပြီး ''ဒီကျွန်းမှာလူရှိ​နေတယ်​။ အရင်​ဆုံး အ​ခြေစိုက်​စခန်းကိုပြန်​ရ​အောင်​''
မည်း​မှောင်​​နေသည့်​​ကောင်းကင်​ကြီးကို မျက်​​မှောင်​ကြုတ်​ပြီးချန်​အန်းသ​ဘောတူလိုက်​သည်​။ မိုးကပိုသည်းလာပြီမို့ ​လှေ​ပေါ်ပြန်​မရရင်​ ​နေစရာတစ်​ခု​တော့ရှာမှဖြစ်​မည်​။ ချန်​အန်းနှင့်​အိုင်​ဗန်​ အ​မေရိကန်​​လေတပ်​စခန်းကိုပြန်​​ရောက်​သည်​အခါမှာ​တော့ တံခါးနဲ့ပြတင်း​ပေါက်​​တွေက​သေ​သေချာချာပြန်​ပိတ်​ထားပြီး ဘယ်​အရာကမှလှန်​​လှော်​ခံထားရသည့်​ပုံမ​ပေါ်ဘဲ ရှိ​နေသည်​။ အကယ်​၍များဒီကျွန်း​ပေါ်လူရှိ​နေတယ်​ဆိုရင်​​တောင်​မှ သူတို့ကအ​ခြေစိုက်​စခန်းထဲ​တော့ဝင်​မှာမဟုတ်​ဘူး။
အိမ်​ထဲပြန်​ဝင်​လာ​တော့လည်း သူတို့ဖျက်​ဆီးထားတဲ့တံခါး​သော့အစအန​တွေသာရှိပြီး အပြင်​လူဝင်​လာဟန်​မရှိ​ပေ။ နှစ်​ဦးသား ​သေနတ်​ကိုယ်​စီနှင့်​တစ်​ခန်းပြီးတစ်​ခန်းစစ်​ကြည့်​ပြီး​နောက်​မှာ​တော့ အခြားလူမရှိ​ကြောင်းအတည်​ပြုလိုက်​ကြသည်​။
Rebirth of Chen An【Zaw + uni】Where stories live. Discover now