အခန်း(၃၃) မင်းဘယ်​လိုဘဝမျိုးမှာ​နေချင်​လဲ

11.4K 1.6K 39
                                    

အခန်း(၃၃) မင်းဘယ်​လိုဘဝမျိုးမှာ​နေချင်​လဲ

ဝါးဖြင့်​လုပ်​ထားသည့်​Menuစာအုပ်​မှအ​ကောင်းစားဟင်းလျာများကိုကြည့်​ရင်း ချန်​ယန်း၏လက်​ဖဝါးတို့​ချွေး​စေးပျံလာ​တော့သည်​။ဟင်းလျာတစ်​ခုချင်းစီ၏​ဘေးမှ​ဈေးနှုန်းများကိုကြည့်​၍သူစိတ်​ဓာတ်​ကျလျှက်​ရှိသည်​။ ချန်​အန်းသူ့ကိုအခုလို suitဝတ်​​စေချင်​တာက အ​နောက်​တိုင်းအစားအစာသွားဖို့အတွက်​ဟုသာသူထင်​ခဲ့မိတာ။ ချန်​အန်းသူ့ကိုအခုလိုတရုတ်​စား​သောက်​ဆိုင်​ကြီးဆီ​ခေါ်လာလိမ့်​မယ်​လို့စိတ်​မကူးခဲ့မိ​ပေ။

နှစ်​ဦးသား ဥယျာဉ်​ငယ်​​လေး​ဘေးတွင်​ထိုင်​​နေကြပြီး ​ဘေးတွင်​လည်း တရုတ်​ရိုးရာဝတ်​စုံကိုဝတ်​ဆင်​ထား​သောမိန်းက​လေးများရှိ​နေကြသည်​။ တစ်​ဦးကကူကျန့်​(​စောင်း)ကိုတီးခတ်​လျှက်​ရှိပြီးကျန်​တစ်​​ယောက်​က ​ရေ​နွေးအိုးတည်​​နေသည်​။
မီးဆိုင်းကြီးကလည်း​ငွေ​ရောင်​အလင်းဖြာလျှက်​ရှိပြီး ဥယျာနံ​ဘေးမှ​ရေကန်​​ပေါ်တွင်​လည်းလရိပ်​ကျလျှက်​ရှိသည်​။ ပန်းတို့၏​မွှေးရနံ့ ကလည်းညခင်း၏ညိမ်​သက်​ခြင်းကိုပိုမိုအားဖြည့်​​ပေး​နေသည်​။

ချန်​ယန်း၏​ရှေ့တွင်​ထိုင်​​နေသည့်​သူကား ကို့ရို့ကားယားဖြစ်​ဟန်​မ​ပေါ် ဤ​နေရာနှင့်​အရမ်းကိုရင်းနှီး​နေသလိုသက်​​တောင့်​သက်​သာရှိလွန်း​နေသည်​။ သူ၏ရှည်​လျားသွယ်​လျ​သောလက်​​ချောင်းတို့က ​စောင်းသံနှင့်​အပြိုင်​စားပွဲ​ပေါ်၌တတပ်​တပ်​ထိ​နေပြီး ကျန်​တစ်​ဖက်​ကခွက်​၏နှုတ်​ခမ်းဝကိုပွတ်​သပ်​​နေသည်​။
ချန်​အန်း၏လက်​​ချောင်းတို့ကအဖြူ​ရောင်​အလင်း​ဖျော့​ဖျော့​အောက်​တွင်​ သန့်​စင်​​အောင်​​ဆေး​ကြောထား​သော​နွေကြက်​သွန်​ဥများနှင့်​ဆင်​တူလှသည်​။ ​ကျောက်​စိမ်းကဲ့သို့လည်း​ချော​မွေ့​နေပြီးအလင်း​ဖောက်​မတတ်​ဖြူသွယ်​လွန်းသည်​။ လက်​အဆစ်​တို့ကလည်းပန်းပုဆရာကအတိုင်းအဆနှင့်​အတိအကျထုဆစ်​ထားသလိုပင်​။

ဟင်းလျာ​ဈေးနှုန်းတို့ကိုစိုးရိမ်​စွာကြည့်​​နေရာမှချန်​ယန်းမျက်​လုံးတို့ကချန်​အန်း၏လက်​​ချောင်းများဆီသို့​ရောက်​ရှိသွားသည်​။ဒါချန်​အန်းကိုပထမဦးဆုံးအကြိမ်​​တွေ့ဖူးတာမဟုတ်​​ပေမယ့်​ သူအခုချန်​အန်း၏လက်​​ချောင်းများမည်​မျှကြည့်​​ကောင်းသည်​ကိုသတိထားမိလိုက်​ပြန်​သည်​။ လူတစ်​​ယောက်​ကဝိတ်​ချပြီးအဲ့သည်​​လောက်​​ပြောင်းလဲနိုင်​မယ်​လို့ချန်​ယန်းမထင်​ခဲ့​ပေ။ ခန္ဓာကိုယ်​ပုံသဏ္ဌာန်​သာမက အရှိန်​အဝါကပါ​ပြောင်းလဲသွားသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now