အခန်း(၂၉) Guilty

11.2K 1.6K 61
                                    

အခန်း(၂၉) Guilty

ချန်​အန်းအစကတည်းကတင်းရှန်းရဲ့သရုပ်​မှန်​ကိုသိပြီးသားဆို​ပေမယ့်​တစ်​ဖက်​လူကသူ့ကိုယုံကြည်​​နေတာမြင်​ရ​တော့ ပြန်​​ပြောလိုက်​သည်​။''​အော်​...အဲ့လိုလား။ အဲ့တာ​ကြောင့်​အဲ့ဒီအိုင်​ဗန်​ဆိုတဲ့လူကထူးဆန်းတယ်​လို့ငါခံစား​နေရတာကိုး''

"ဒါနဲ့အန်​ကယ်​ သူဘာလို့ခင်​များနဲ့အတူ​သောက်​ဖို့ဖိတ်​တာလဲ?'' တင်းရှန်းစိတ်​ဝင်​စားစွာ​မေးလိုက်​သည်​။
"အိုင်​ဗန်​ရဲ့စရိုက်​ကထူးဆန်းတယ်​။ သူကသူ့နဲ့မပတ်​သက်​တဲ့သူ​တွေကို လွယ်​လွယ်​စခင်​တတ်​တဲ့သူမဟုတ်​ဘူး''

"ငါသူ​ပြောတာမှတ်​မိ​သေးတယ်​ ။ ငါကသူသိတဲ့တစ်​စုံတစ်​​ယောက်​နဲ့ဆင်​လို့တဲ့ ကြည့်​ရတာအဲ့တာကအ​ကြောင်းပြချက်​ဖြစ်​မယ်​''

တင်းရှန်းကသူ့ကို​မေးစရာရှိ​နေ​သေးပုံ​ပေါက်​​ပေမယ့်​ ချန်​အန်းအရမ်းပင်​ပန်း​နေတဲ့ပုံနဲ့ကြည့်​လိုက်​ပြီး ''ငါနည်းနည်းပင်​ပန်း​နေတယ်​။မင်း​မေးစရာရှိရင်​မနက်​ဖြန်​မှ​ပြော​တော့''

"အမ်​..ဒါဆိုလည်း​ကောင်း​ကောင်းနားပါအန်​ကယ်​ချန်​။ ကျွန်​​တော်​မနက်​ဖြန်​မှပြန်​လာခဲ့ပါမယ်​''

တင်းရှန်းထပ်​​မေးစရာရှိ​သေး​ပေမယ့်​လည်း ချန်​အန်းကြည့်​ရတာအ​ခြေအ​နေမဟန်​​တော့တာ​ကြောင့်​ ထပ်​​မေးဖို့မ​ကောင်းတာနဲ့လက်​​လျော့လိုက်​ရသည်​။နှုတ်​ဆက်​ပြီးထွက်​သွားလိုက်​သည်​။

ချန်​အန်းသူ့ရဲ့မူး​ဝေ​နေတဲ့​ခေါင်းသက်​သာ​စေလိုငြားမျက်​ရိုးကိုဖိထားလိုက်​သည်​။ နိုးလာပြီးကတည်းအနည်းငယ်​မူး​နောက်​​နောက်​ဖြစ်​​နေ​သေးတဲ့ခံစားချက်​ကချန်​အန်းကို​နောက်​တဖန်​အိပ်​ချင်​​စေ၏။ ချန်​အန်းအိပ်​ရာ​ပေါ်လဲလိုက်​ခါမှရုတ်​တရပ်​တစ်​ခုခုကိုသတိရမိသည်​။ သူ့ရဲ့လွယ်​အိတ်​ကိုဆွဲယူလိုက်​ပြီး အထဲမှာစိန်​ထုတ်​ရှိ​နေ​သေးလားကြည့်​လိုက်​သည်​။ ဘယ်​သူမှဖွင့်​မကြည့်​ထားမှန်းသိ​တော့မှစိတ်​သက်​သာရာရသွားသည်​။ သူဖုန်းကိုကြည့်​လိုက်​​တော့ဖုန်းကပါဝါပိတ်​ထားတာကိုသူသိလိုက်​ရတယ်​။ သူပါဝါပြန်​ဖွင့်​လိုက်​​တော့ missed callနဲ့ message ​တွေအလုံးအရင်းတက်​လာသည်​။အားလုံးကချန်​ယန်းတစ်​​ယောက်​ထဲဆီကသာဖြစ်​သည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now