အခန်း(၉၄) ​မြေ​ခွေးအို

9.7K 1.3K 127
                                    

အခန်း(၉၄) ​မြေ​ခွေးအို

မိမိ​ရှေ့မှဟင်းလျာမျိုးစုံကို တစ်​ချက်​ကြည့်​ပြီး ချန်​အန်းမျက်​ခုံးပင့်​အိုင်​ဗန်​ကိုကြည့်​လိုက်​သည်​။ ''အထဲမှာ ဘာထည့်​ထားလဲ?​ဆေး?''

လူတစ်​​ယောက်​ကိုထိန်းချူပ်​ဖို့နည်းလမ်း​တွေအများကြီးရှိတယ်​။ အဲ့ထဲမှာမှ ​ဆေးစွဲ​အောင်​လုပ်​ထားကအလွယ်​ဆုံးနည်းပဲ။ ဥပမာ သူ​ဋ္ဌေးသား​လေးဝမ်​​ဟောင်​ကို ချန်​အန်းလုပ်​ခဲ့သလို​ပေါ့။

"​ဘေဘီကိုယ်​ကအရမ်းဆိုးလို့လားကွာ။ ကိုယ်​အရမ်းဆိုးတယ်​ဆိုရင်​​တောင်​မှ အစားအ​သောက်​ထဲထိ ​ဆေးထည့်​စရာမလိုအပ်​ပါဘူး။ မင်း​မေ့​မြော​နေတုန်းတစ်​ခါထဲ ပစ်​သတ်​လိုက်​မှာ​ပေါ့'' အိုင်​ဗန်​ကပြုံးလျှက်​ ခုံဆွဲပြီး အိပ်​ရာ​ဘေးထိုင်​ကာ ခရင်းကိုကိုင်​လိုက်​သည်​။

ချန်​အန်းက အိုင်​ဗန်​ခွံ့ ​ကျွေးသည့်​အရွက်​သုတ်​ကို တစ်​ဇွန်းကိုဝါးပြီး​နောက်​ မျက်​လုံးမှိတ်​စိတ်​​ကျေနပ်​စွာ ဆိုလိုက်​သည်​။
"အို..အရသာရှိသားပဲ''

အဲ့ဒီ​နောက်​ သူဟန်​မ​ဆောင်​နိုင်​​တော့ဘဲ တူကိုင်​ပြီးစစား​တော့သည်​။ အိုင်​ဗန်​ဟာဘယ်​​လောက်​အန္တရာယ်​ရှိတယ်​ဆိုထားအုန်း သူအသက်​ဆက်​ရှင်​ဖို့စားမှ​တော့ဖြစ်​မယ်​​လေ။

ကောင်း​ကောင်းမွန်​မွန်​စား​နေတဲ့ ချန်​အန်းကိုမြင်​​တော့ အိုင်​ဗန်​ကြည်​ကြည်​နူးနူးပြုံးလိုက်​သည်​။ ''​ဘေဘီ...ဒီလှပတဲ့မနက်​ခင်းတိုင်းမှာမင်းမျက်​နှာ​လေးမြင်​ရရင်​​ကောင်းမှာပဲကွာ။ ကိုယ်​မင်းအပြုံး​လေး​တွေကိုအရမ်းသ​ဘောကျတာပဲ။ တစ်​ချက်​ထဲနဲ့လုံးဝရူးသွပ်​သွား​စေနိုင်​တယ်​''

"ငါ့ကိုဘယ်​လိုရှာ​တွေ့တာလဲ'' ချန်​အန်းအခုမှ ​ခြေ​ထောက်​ကိုပစ်​ခဲ့မိတာ ​နောင်​တရသည်​။ ​ခေါင်း​တည့်​တည့်​ပစ်​ခဲ့လိုက်​သင့်​တာ။

ချန်​အန်း ဓားနဲ့ခရင်း​ပြောင်းကိုင်​လိုက်​ပြီး ပန်းကန်း​ပေါ်ကအသားပြားကိုခရင်းနဲ့စိုက်​လိုက်​သည်​။ ထို့​နောက်​ ​ကြွေပန်းကန်​တစ်​ခုလုံးတစ်​ကျွီကျွီမြည်​​အောင်​ ​ဒေါသတကြီးလှီး​တော့သည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now