အခန်း (၇၀) အတိတ်​၌ဖက်​တွယ်​ခြင်း(သို့)မင်းအပိုင်

9.3K 1.2K 65
                                    

အခန်း (၇၀) အတိတ်​၌ဖက်​တွယ်​ခြင်း(သို့)မင်းအပိုင်

Card ​ဝေတဲ့အချိန်​မှာ​တော့ အသံ​တွေကပြန်​လည်​အသက်​ဝင်​လာသည်​။ ဖဲ​ဝေပြီး​နောက်​မှာ​တော့ ချန်​အန်းမျက်​နှာကအငယ်​ဆုံးပဲ။ သူ့မျက်​လုံးကိုနိမ့်​ပြီး ကိုယ့်​ကတ်​ကိုကြည့်​လိုက်​သည်​။ အိုင်​ဗန်​နဲ့လုဖုန်းပြသာနာဖြစ်​ဖြစ်​ မဖြစ်​ဖြစ်​သူဂရုမစိုက်​ဘူး။ သူသိတာ သူနိုင်​ရမယ်​ ရှုံးလို့မဖြစ်​ဘူးဆိုတာပဲ။

သူရှုံးမှာလား? သူ့ကိုယ်​သူပဲရှုံးမယ်​။ နိုင်​ချင်​လို့က​သေချာ​ပေါက်​နိုင်​မှာပဲ။

"ဆယ်​မီလီယံ'' ​လောင်​​ကြေးကို​အေး​အေး​ဆေး​ဆေး ထပ်​တိုးလိုက်​တာက ဝိုင်းထဲကလူ​တွေကိုအနည်းငယ်​​တောင့်​သွား​​စေသည်​။

"ခင်​များ အစကတည်းကဒါမျိုးအကြီးကြီးပုံလိုက်​မယ်​ဆိုရင်​.... ခင်​များရှုံးတဲ့အခါ အိုင်​ဗန်​ခင်​များကိုစားပစ်​လိမ့်​မယ်​'' လုန်​ဖုန်းက အစက​နေအဆုံး သူ့ကတ်​သူလုံးဝမကြည့်​။ နှုတ်​ခမ်းစွန်းက မသိမသာ​ကော့ညွှတ်​ပြီး သူ့​ရှေ့က Chipsပြားကို potထဲ တွန်းပို့လိုက်​သည်​။

"Heel, 10 million ''

သူတို့ပုံစံက​ငွေအစစ်​နဲ့ကစား​နေသလိုမဟုတ်​ပဲ ဗီဒီယိုဂိမ်းကစား​နေသလို ​ပေါ့ပါးလွန်းသည်​။

ချန်​အန်းမျက်​​မှောင်​အသာကြုတ်​လိုက်​သည်​။ ဒီက​လေးလည်းပဲ ​လောင်းကစားကြိုက်​လိမ့်​မယ်​လို့ သူမသိခဲ့ဘူး။ လုဖုန်း ကအမြဲတမ်းတစ်​​ဖြောင့်​တည်းသမားပဲ အခုလိုပုံစံနဲ့မြင်​ရ​တော့ သူ့ရင်​ထဲသိပ်​မနှစ်​သက်​လှဘူး။ အရင်​သူကာစီနိုသွားတုန်းက ဒီက​လေးသူ့​ဘေးမှာရပ်​​နေပြီး သူကစားတာ​ချောင်းကြည့်​ခဲ့တာလား?

"ဒီမှာလုဖုန်း....ငါ့အ​ကြောင်းသွားပုပ်​​လေလွင့်​​တွေ ငါ့အချစ်​​ရှေ့မှာမ​ပြောစမ်းပါနဲ့ .... ငါ​ကအဲ့​လောက်​ကပ်​​စေးနှဲပါ့မလား ။'' အိုင်​ဗန်​က လုဖုန်းကို ​ပြောရင်း ​လောင်း​ကြေးဆယ်​မီလီယံထပ်​ထည့်​လိုက်​သည်​။ ပြီးမှ သူ့နံ​ဘေးမှ ချန်​အန်းအား ''အချစ်​...သူ​ပြောတာ​တွေနားမ​ထောင်​နဲ့ ၊ သူ့ကသက်​သက်​မဲ့ကိုယ့်​ကိုကိုက်​​နေတာ''

Rebirth of Chen An【Zaw + uni】Where stories live. Discover now