အခန်း (၁၃၃) အမတနတ်ဘုရားတွေကြွလာပြီ

1.5K 264 14
                                    

အခန်း (၁၃၃) အမတနတ်ဘုရားတွေကြွလာပြီ

ချန်အန်းတို့ပြန်ဆုတ်သွားတာကိုမြင်တော့ လူအုပ်ကြားပုန်းနေသည့်အရာရှိကြီးကရင်သပ်လျက်ထွက်ပြီး လက်တစ်ဖက်ကခါးထောက်ကာ ကျန်တစ်ဖက်ကလေယာဥ်ကိုညွှန်ပြပြီးသူ့နယ်ရုပ်များကိုအမိန့်ပေးလိုက်သည်။
''ဒီမှာဘာမိစ္ဆာမှာမရှိဘူး။ အတင့်ရဲတဲ့မလောက်လေးမလောက်စားသာမန်လူနှစ်ယောက်ဥာဏ်များထားတာသက်သက်ပဲ။သူတို့ခေါင်းကိုဖြတ်နိုင်တဲ့လူ ငွေစ၁၀ရမယ်!"

ရှေးကဆိုးရိုးစကားအတိုင်းပဲ လူတွေကငွေအတွက်အသေခံပြီး ငှက်တွေကအစာအတွင်အသေခံကြသတဲ့။ ငွေဆိုတဲ့အသံကြားတာနဲ့ဓားပြနဲ့ရဲမတ်တွေအားလုံး ဓားကိုမြှောက်ပြီးကမူးကရူးပြေးသွားကြတော့သည်။ ဒါပေမဲ့ပေ၃၀အကွာတောင်မရောက်ခင်လေးမှာပဲ ထူးဆန်းသည့်ငှက်ကြီး၏ဖင်နောက်တစ်ဖြည်းဖြည်းပွင့်လာခဲ့သည်။ ပြေးလာသည့်လူများကလည်းမမြင်ဖူးသည့်အရာကိုအံ့အားသင့်စွာရပ်ကြည့်နေမိကြသည်။
ငှက်ကြီး၏ဖင်ထဲမှာ စူးစူးဝါးဝါးအော်ဟစ်နေသည့်အရာတစ်ခုထွက်လာသည်။ထိုအသံမှာကြမ်းကြုတ်ရဲစက်သောသားရဲတစ်ကောင်၏မာန်ဖီသံနှင့်တူလှသည်။ လေယာဥ်နှင့်အနီးကပ်ရောက်နေသူများကမြေကြီး၏တုန်ခါမှုပင်ခံစားနေရသည်။

အစောကလူသတ်စိတ်မွှန်နေသူများကအခုတော့ ခြေလှမ်းများမသိလိုက်ခင်နောက်ဆုတ်ကုန်ကြပြီး အသံလာရာအရပ်ကိုပြူးကြောင်ကြောင်ကြည့်နေကြသည်။ ကြီးမားသောအတုံးကြီးတစ်ခုသည် ငှက်ဖင်မှနေ၍သူတို့ရှိရာအဆက်မပြတ်လိမ့်ဆင်းလာခြင်းဖြစ်သည်။

'' လူ...လူ...လူကြီးမင်း အဲ့တာဘာကြီးလဲ။'' မုဆိတ်နှင့်ဓားပြကကြောက်ကြောက်နှင့်မေးလိုက်ပြီးခြောက်ကပ်နေသောလည်ချောင်းသို့တံတွေးမြိုချလိုက်သည်။

''ဘာတွေထစ်ငေါ့နေတာလဲ။ လျှာကိုဖြောင့်ဖြောင့်ထားပြောစမ်း။ကြောက်ချီးပန်းမနေကြနဲ့။ ငါတို့မှာဆရာကြီးရှိတယ်။'' ကြက်သည်းနုနေသောဓားပြကိုဆူငေါက်ပြီးနောက် အရာရှိကနောက်လှည့်ကာထပ်တူငေးကြောင်နေသည့်မှော်ဆရာကိုပြောလိုက်သည်။ ''ဆရာကြီး အခုကဆရာ့အစွမ်းကိုပြရမယ့်အချိန်ပဲ။''

Rebirth of Chen An【Zaw + uni】Where stories live. Discover now