အခန်း(၅၃) ပထမဦးဆုံးအကြိမ်​ လူသတ်​ခြင်း

8.9K 1.2K 31
                                    

အခန်း(၅၃) ပထမဦးဆုံးအကြိမ်​ လူသတ်​ခြင်း

ငါးတန်း၊ ​ခြောက်​တန်းမျှ အစဉ်​လိုက်​တန်းစီထား​သော လူများက ​ခေါင်းတွင်​အနက်​​ရောင်​အဝတ်​များအစွပ်​ခံထားရပြီး လက်​များကိုလည်း​နောက်​ပစ်​ကြိုးတုပ်​ထားက ​မြေပြင်​တွင်​ဒူး​ထောက်​ခိုင်းထားသည်​။ ချန်​အန်းအ​နေဖြင့်​ သူတို့၏ငိုယို​တောင်းပန်​​နေသည့်​ အသံများကိုပင်​ကြား​နေရသည်​။

"သူ...သူတို့ဘာလုပ်​​နေတာလဲ''

ဝမ်​​ဟောင်​ သူ့​ရှေ့မှလူများကို ကြည့်​ရင်း နဂို​ဖျော့​တော့​နေသည့်​မျက်​နှာကပိုလို့ ​သွေး​ရောင်​​ပျောက်​သွားသည်​။

ချန်​အန်း က နံ​ဘေးမှချန်​ယန်းကို လှည့်​ကြည့်​လိုက်​ပြီးဘာမှမ​ပြော​ပေ။ ဒီလူ​တွေဘာလုပ်​​နေသလဲ သူသိသလို ဝံပု​လွေကသူတို့ဘာကစားဖို့ ဖိတ်​​ခေါ်သလဲ ဆိုတာလည်းသူအတပ်​သိသည်​။

"ဗိုလ်​ချူပ်​ Assadဆီမှာ သတ်​မှတ်​ထားတဲ့စည်းကမ်းမဟုတ်​​ပေမယ့်​ ထုံးစံတစ်​ခုရှိတယ်​။အဲ့တာက ဝယ်​ထားတဲ့လက်​နက်​မှန်​သမျှ ​သွေးစွန်းရမယ်​။ မစ္စတာချန်​ က ​လောင်​စစ်​ရဲ့လူဆို​တော့ ဒီအခွင့်​အ​ရေးကို မစ္စတာချန်​ကို​ပေးလိုက်​မယ်​''

ဝံပု​လွေ က ပြုံးလိုက်​ပြီး ​ရွှေသွားများ​ပေါ်​စေကာ မျက်​လုံးတို့က​သွေးဆာ​နေ၏။ ချန်​အန်း ဆီကShow​ကောင်းတစ်​ခု​စောင့်​ဆိုင်း​နေသည့်​ပုံရသည်​။

လက်​နက်​​ရောင်းတယ်​ဆိုတာ မင်းကိုယ်​တိုင်​လက်​နဲ့သတ်​ရမယ်​လို့ဆိုလိုတာမဟုတ်​ဘူး။ တစ်​ဘဝလုံးလက်​နက်​အ​ရောင်းအဝယ်​ လုပ်​ဖူးတဲ့လူတစ်​ချို့​တောင်​ တစ်​ခါ​လေးမှလူမသတ်​ဖူးတာမျိုးရှိတယ်​။

ချန်​အန်းမှတ်​မိ​သေးသည်​။ သူလူသတ်​ခဲ့စဉ်​ကတည်​ညိမ်​​နေခဲ့သည်​။ အိမ်​ပြန်​​ရောက်​ခါမှ မူး​နေ​အောင်​​သောက်​ပြီးမျက်​လုံးပင်​မမှိတ်​နိုင်​ခဲ့ ၊ သူသတ်​ခဲ့သည့်​လူက သူ့အိပ်​ရာ​ရှေ့တွင်​ရပ်​​နေပြီး သူ့ကို​သွေးများ​တောက်​​တောက်​ကျ​နေသည့်​မျက်​နှာနှင့်​ရပ်​ကြည့်​​နေသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now