အခန်း(၅၄) ​ဖြေ​ဆေးမရှိတဲ့အဆိပ်​ /ဦး​လေး ကျွန်​​တော့်​ကိုထားမသွားပါနဲ့။

9.6K 1.4K 80
                                    

အခန်း(၅၄) ​ဖြေ​ဆေးမရှိတဲ့အဆိပ်​ /ဦး​လေး ကျွန်​​တော့်​ကိုထားမသွားပါနဲ့။

ချန်​ယန်း ကတုံးအတယ်​လို့ထင်​လား။ သူသာတုံးမယ်​ဆိုရင်​ သူ့မြို့မှာ ရှန်​ဟိုင်းတက္ကသိုလ်​ဝင်​ခွင့်​ရတဲ့ တစ်​ဦးတည်း​သောသူဖြစ်​ခဲ့မှာမဟုတ်​ဘူး။ သူသာတုံးမယ်​ဆိုရင်​ ချန်​အန်းသင်​​ပေးသမျှအားလုံးကို နှစ်​ဝက်​အတွင်းတတ်​​မြောက်​သွားမှာမဟုတ်​ဘူး။ လူ​ခြောက်​​ယောက်​သတ်​အပြီးမှာ ချန်​အန်းရဲ့စိုးရိမ်​မှုတစ်​စွန်းတစကို သူသတိမထားမိပဲမ​နေဘူး။

သူနဲ့ချန်​အန်း က ​ဆေးရုံမှာအချိန်​အနည်းငယ်​ပဲရှိ​နေခဲ့တုန်းက ဒီလူနဲ့သူ့ကြားမှာ မမြင်​ရတဲ့နံရံတစ်​ချပ်​ခြား​နေခဲ့တယ်​။ ချန်​အန်းစိတ်​ထဲ ဘာ​တွေ​တွေး​နေမှန်း သူမသိနိုင်​ခဲ့ဘူး။

ဒါ​ပေမယ့်​လို့ ချန်​ယန်းခံစားရတယ်​။ ဦး​လေးတစ်​​ယောက်​အ​နေနဲ့ သူ့ကိုအ​မွေလက်​ဆင့်​ကမ်း​နေတယ်​ဆိုတာသူသိတယ်​။ ဒါ​ပေမယ့်​ ဒါက ချန်​အန်းသူ့ရဲ့နှလုံးသားကို သူဝင်​လာဖို့ဖွင့်​​ပေးလိုက်​တာ​တော့မဟုတ်​ဘူး။ ချန်​အန်းမှာ လျှိုဝှက်​ချက်​အများရှိ​နေတာ သူသိတယ်​။

သူ့ လျှို ဝှက်​ချက်​က ​ဆေးရုံကဆင်းပြီး ဘာ​ကြောင့်​အခုလို​ပြောင်းလဲသွားတယ်​ဆိုတာ ၊ ရုတ်​တရပ်​ဘာ​ကြောင့်​ ဘာသာစကား​တွေအများကြီးကျွမ်းကျင်​သွားတယ်​ဆိုတာ၊ ပြီး​တော့ ဘာလို့သူတို့အခုလို ရဲရဲတင်းတင်းလက်​နက်​အ​ရောင်းအဝယ်​လုပ်​​နေရသလဲဆိုတာ​တွေ နဲ့သက်​ဆိုင်​လိမ့်​မယ်​။

အခု ချန်​အန်းက တကယ်​ပဲသူ့ဦး​လေးလား။ ချန်​ယန်း ဒီအ​ကြောင်းကို သံသယဖြစ်​ရမယ်​ဆို​ပေမယ့်​ သူဂရုမစိုက်​ဘူး။

ဆီးရီးယားက သူတို့တည်းမယ့်​ဟိုတယ်​ကို​ရောက်​​တော့ ဝမ်​​ဟောင်​က အလွန်​အမင်းစိတ်​​ထောင်းကိုယ်​​ကြေဖြစ်​ပြီး သူ​ခေါ်လာတဲ့ယူကရိန်းသူ​တွေနဲ့ အခန်းပိတ်​​နေသည်​။

ချန်​ယန်း ၊ ချန်​အန်း​နောက်​လိုက်​ရင်း အခန်းသို့​ရောက်​လာ​တော့ ချန်​အန်းစကားစ​ပြောချိန်​ထိ သူမ​စောင့်​နိုင်​ပဲ အိပ်​ရာစွန်းမှာထိုင်​ပြီး စတင်​တုန်​ရီလာသည်​။ သူ့ရဲ့​တောက်​ပပြီး အကူအကယ်​မဲ့​နေသည့်​မျက်​လုံးတို့က ချန်​အန်းကို​ငေးကြည့်​​နေပြီး သူ့နှုတ်​ခမ်းတို့တုန်​ရီ​နေသည်​။ ထိုနှုတ်​ခမ်းတို့မှ အသံတစ်​ခုသာထွက်​ကျလာသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now