အခန်း(၇၄) လွှတ်​ထွက်​သွား​သောစိတ်​ဝိညာဉ်

9K 1.2K 81
                                    

အခန်း(၇၄) လွှတ်​ထွက်​သွား​သောစိတ်​ဝိညာဉ်

လူကုန်​တန်​များနှင့်​မြူးကြွ​သော​ဖျော်​​ဖြေ​ရေးတို့ စုရုံး​နေသည့်​စား​သောက်​ဆိုင်​က​နေချန်​အန်းထွက်​လာခဲ့ပြီး ဟိုတယ်​၏ sky garden တွင်​ ​ကော်​ဖီတစ်​ခွက်​မှာလျှက်​ တစ်​​ယောက်​ထဲထိုင်​ကာ လ​ရောင်​ကိုခံစား​နေ​လေသည်​။

ပင်​လယ်​မှဆားငန်​​လေ​ပြေက ​ဘေးခွဲထားသည့်​သူ့ဆံပင်​ကိုရှုပ်​​ထွေး​အောင်​ဖြတ်​တိုက်​သွားသည်​မို့ ချန်​အန်း သူ့ဆံပင်​သူလှန်​တင်​လိုက်​သည်​။ မျက်​လုံးက​ဝေဝါး​နေ​ပေမယ့်​ အခြားအားရုံများက​တော့ပို​ကောင်းလာသည်​ထင်​။ သူမျက်​လုံးကိုမှိတ်​ပြီး ည​လေ​ပြေတီးတိုးသံနှင့်​​ရေလှိုင်းသံစဉ်​တို့ကိုနား​ထောင်​​နေလိုက်​သည်​။

လင်းရှင်း​နေသည့်​ ဒီလိုည​ကောင်းကင်​​အောက်​မှာပဲ  မာမာထန်​ထန်​အချင်းများသံကိုသူကြားလိုက်​ရသည်​။  သူမျက်​လုံးဖွင့်​ပြီးကြည့်​လိုက်​​တော့ ဥယျာဉ်​cafeအဝမှာရပ်​​နေကြသည့်​ ​ဘောဒီဂတ်​အချို့ကိုမှုန်​ဝါးဝါးမြင်​လိုက်​ရသည်​။ သူတို့ဘာကိုအချင်းများ​နေလဲ သူမသိ ဒါ​ပေမယ့်​လို့​လောင်းကုတ်​ရှည်​ဝတ်​ဆင်​ထားသည့်​ လူတစ်​​ယောက်​သူ့ဆီ​လျှောက်​လာသည်​ကိုသူ မှုန်​ဝါးဝါးမြင်​​နေရသည်​။

ပင်​လယ်​​လေညှင်းကသူ့ကုတ်​အင်္ကျီကို ​အော်​ဟစ်​တိုးတိုက်​​နေကြပြီး ညအ​မှောင်​နဲ့အတူချန်​အန်းမျက်​လုံးတို့ကဝါး​နေတာ​တောင်​ သူရှိရာ​လျှောက်​လာတဲ့လုဖုန်းဘယ်​​လောက်​​တောင်​ခန့်​ညား​နေမလဲသူမှန်းဆမိသည်​။

လေကပြင်းထန်​စွာတိုက်​​နေ​သော်​လည်း လုဖုန်းမျက်​နှာက​တော့​အေးစက်​စွာတည်​ညိမ်​​နေဆဲပဲ။ ငယ်​စဉ်​မှအရွယ်​​ရောက်​သည်​အထိ လုဖုန်းသည်​မ​ရေမတွက်​နိုင်​​သောအမျိုးသမီးတို့၏ အာရုံကိုဖမ်းစားနိုင်​ခဲ့ပြီး အမျိုးသားများပင်​သူ့ဆွဲငင်​အားမှမရုန်းနိုင်​ကြ​ပေ။

အရင်​ကလုဖုန်းဘာ​ကြောင့်​ မိန်းမတစ်​​ယောက်​တစ်​​လေနဲ့မှမပတ်​သက်​ရသလဲ သူနားမလည်​ခဲ့။ သူဒီ ယုန်​ကင်းမြှီး​ကောက်​ ကို ​လောကကြီးကိုထိုင်​ကြည့်​ဖို့သက်​သက်​သာ ​မွေးဖွားလာခဲ့သည်​ဟုထင်​ခဲ့ဖူးသည်​။ သူကအချစ်​ကိုမယုံတဲ့သူ ဒါမှမဟုတ်​ အဲ့ဒီအပိုင်းမှာပြသာနာရှိ​နေတဲ့သူ ဟုထင်​ခဲ့မိသည်​။ ဘယ်​သူကသိမှာလည်း ဒီ ယုန်​ကင်းမြှီး​ကောက်​ကသူ့​အသိဥာဏ်​​သူ ချန်​အန်းဆီမှာတိမ်းညွှတ်​​နေမယ်​လို့။ သူတကယ်​ကို လုဖုန်းအတွက်​ဆရာဝန်​တစ်​​ယောက်​ရှာ​ပေးသင့်​လား လို့​တောင်​စိုးရမ်​လာပြီ။

Rebirth of Chen An【Zaw + uni】Where stories live. Discover now