အခန်း(၆၂) Alert

8.7K 1.1K 28
                                    

အခန်း(၆၂) Alert

အ​မေရိကန်​ပြည်​​ထောင်​စု ၊ နယူး​ယောက်​မြို့

"Monkey အဲ့ဒီကအိုင်​ဗန်​အ​ခြေအ​နေကဘယ်​လိုလဲ''

ရုံးခန်းထဲတွင်​ ​ရွှေ​ရောင်​ဆံပင်​လူတစ်​ဦးနဲ့ ရုပ်​ရည်​သန့်​ပြန့်​​ချော​မောသည့်​ ဆံပင်​အနက်​​ရောင်​နှင့်​ လူငယ်​တစ်​​ယောက်​ရှိ​နေသည်​။

"အိုး တရုတ်​မှာသတင်း​တော့ရှိပါတယ်​။ ရုရှားလူမျိုးတစ်​ချို့က တရုတ်​နိုင်​ငံရဲ့ပိုင်​နက်​အတွင်းမှာပဲ ဥပ​ဒေ​ဘောင်​အတွင်း​နေကြတယ်​။ အခုတ​လော​တော့ တရားမဝင်​လုပ်​ငန်း​တွေနဲ့ပတ်​သက်​ပြီးလှုပ်​ရှားတာမ​တွေ့ရဘူး''

မျက်​ဝန်းကျဉ်းကျဉ်းနှင့်​ လူငယ်​က တစ်​ဖက်​လူကို ​ကော်​ဖီတစ်​ခွက်​​ပေးလိုက်​​တော့ တစ်​ဖက်​လူက​ကျေးဇူးတင်​စကားဆိုသည်​။ ''နည်းနည်းထူးခြားတာ​တွေရှိပါတယ်​။ အရမ်းကြီး​တော့မထူးခြားဘူး​ပေါ့ကွာ''

"အ​ရေးမကြီးတဲ့ဟာ​တွေဆို မ​ပြောနဲ့ကွာ'' တင်းရှန်းက ခုံကိုဆွဲယူပြီးထိုင်​လိုက်​သည်​။ သူ​ကော်​ဖီတစ်​ငုံကို​သောက်​လိုက်​ပြီး ပြတင်း​ပေါက်​အပြင်​က ညှို့ မှိုင်း​နေတဲ့ပတ်​ဝန်းကျင်းကိုကြည့်​လိုက်​သည်​။ သတိမထားမိခင်​​လေးမှာပဲ ​ဆောင်းဦး​ရောက်​လာပြီ။

"အိုင်​ဗန်​ နဲ့ လုဖုန်းကြည့်​ရတာ အဆင်​မ​ပြေကြပုံပဲ။ ​ကောလဟာလ ​တွေအရ သူတို့နှစ်​​ယောက်​ဆက်​ဆံ​ရေးကအခု အရမ်းဆိုးဝါး​နေတယ်​တဲ့။ ပြီး​တော့ အိုင်​ဗန်​ကခုတ​လော တရုတ်​အမျိုးသားတစ်​​ယောက်​နဲ့ တတွဲတွဲရှိ​နေတယ်​။ ငါတို့စုံစမ်းကြည့်​တာ​တော့ တစ်​ဖက်​လူက ပြစ်​မှုကင်းတယ်​ အရှုပ်​အရှင်းမရှိဘူး။ လုပ်​ငန်းပူးတွဲပါတနာလာ​တော့မသိ​ပေမယ့်​ သူတို့ဆက်​ဆံ​ရေးကအရမ်းရင်းနှီးပုံပဲ။ ''

Monkey ဟု ​ခေါ်သည့်​ လူငယ်​ကသက်​ပြင်းချလိုက်​ပြီး ''စိတ်​ချပါ ။ ငါသူတို့ကိုဆက်​​စောင့်​ကြည့်​ခိုင်းထားမယ်​။.ဒါ​ပေမယ့်​ခုတ​လော အ​ရှေ့အလယ်​ပိုင်းကသတင်းရတာ Assadဆီမှာ မရှိ​လောက်​တဲ့လက်​နက်​​တွေဝင်​​နေတယ်​တဲ့။ တင့်​ကား​တွေ​တောင်​ပါတယ်​ဆိုပဲ''

Rebirth of Chen An【Zaw + uni】Where stories live. Discover now