အခန်း(၁၀၁) ချစ်​တယ်

10.3K 1.1K 40
                                    

အခန်း(၁၀၁) ချစ်​တယ်

ယောက်ျားနှစ်​​ယောက်​ကြားကဆက်​ဆံမှုမှာဒီလို လှုံ့​ဆော်​အားနဲ့တုန့်​ပြန်​မှုများရှိလိမ့်​မည်​ဟု ချန်​အန်းဘယ်​တုန်းကမှမထင်​ခဲ့ပါ။ အရင်​ဘဝက ငနာ​လေးလုဖုန်းသည်​ကားထိုကဲ့သို့​သော စိတ်​လှိုက်​ဖိုဖွယ်​ရာခံစားချက်​များကိုသူ့အားမယူ​ဆောင်​​ပေးခဲ့​ပေ။

ဒါ​ပေမယ့်​လည်း ဒါက လုဖုန်းဟာထိုကိစ္စနဲ့ပတ်​သက်​ပြီးကျွမ်းဝင်​မှုမရှိသည့်​ မူကြိုအဆင့်​ဖြစ်​​ကြောင်းကိုပြ​နေသည်​။

ချန်​အန်းအများကြီးပင်​ဆက်​မ​တွေးလိုက်​ရ ​လှေကခါ​နေသည့်​မို့နှစ်​ဦးလုံးကုတင်​​ပေါ်ကပြုတ်​ကျသွားရသည်​။

"​တော်​လိုက်​​တော့! တဏှာရူး​ကောင်​ရဲ့'' ပြုတ်​ကျသွားလို့နာကျင်​မှုနဲ့အတူ ဖရိုဖရဲဖြစ်​​နေတာ​ကြောင့်​ အိုင်​ဗန်​ဟာ အသားယူခွင့်​ပင်​မရလိုက်​။ ချန်​အန်းသည်​​မော်​တာလက်​သီးဖြင့်​တရစပ်​ သူ့ဟာထိုးကြိတ်​ပြီး အခန်းပြင်​ကန်​ထုတ်​ဖို့ကြိုးစားသည်​။

"အပြင်​မှာဘာဖြစ်​​နေလဲသွားကြည့်​အုန်း''

သူတို့သာကုတင်​​ပေါ်ကမပြုတ်​ကျရင်​ ချန်​အန်းလည်းပဲသူတို့အခု​ရောက်​​နေတာ တည်​ညိမ်​တဲ့​မြေပြင်​​ပေါ်မဟုတ်​ဘဲအန္တရာယ်​ဝိုင်း​နေတဲ့​ရေပြင်​​ပေါ်မှာဆိုတာ ​မေ့​တော့မလို့။ ​လှေဝမ်းလှုပ်​​နေတာကအ​ကြောင်းပြချက်​တစ်​ချက်​ပဲရှိနိုင်​တယ်​။ဒါ မုန်​တိုင်းရှိ​နေလို့ပဲ။ ဒါ​ပေမယ့်​ အိုင်​ဗန်​က​တော့ကပ်​​စေးနှဲလိုသူ့ကိုတွယ်​ကပ်​​နေပြီး အပြင်​ထွက်​ဖို့ဆန္ဒတစိုးတစိရှိပုံမရ​ပေ။

မိန်း​မောစွာနှင့်​ ချန်​အန်း၊အိုင်​ဗန်​၏ပုခုံး​ပေါ်တွင်​သာအကူအကယ်​မဲ့မှီထားနိုင်​​တော့သည်​။ သူ့ခန္ဓာကိုယ်​မှ​ချွေးများကအိုင်​ဗန်​ကိုယ့်​မှ​ချွေးများနှင့်​​ပေါင်းစပ်​သွားပြီး ပြင်းရှရှအနံ့ကိုဖြစ်​​ပေါ်​စေသည်​။ အိုင်​ဗန်​သူ့ခန္ဓာကိုထိ​တွေ့နမ်းရှိုက်​သည့်​အခါတိုင်းမှာ သူ​တောင့်​ခံထား​ပေမယ့်​လို့ စိတ်​ထဲက​တော့ ဒီဝက်​ဝံဟာသူ့ခန္ဓာကိုယ်​ကိုသူ့ထက်​ပိုသိ​နေ​လေသလားလို့ ​တွေးမိတာ​တော့အကြိမ်​ကြိမ်​အခါခါ။

Rebirth of Chen An【Zaw + uni】Where stories live. Discover now