အခန်း (၁၅၈ ) လူလျော့သွားပြန်ပြီ

955 166 10
                                    

အခန်း (၁၅၈ ) လူလျော့သွားပြန်ပြီ

ဝမ်လီငိုချင်နေသည့်စိတ်ကိုမနည်းအားတင်းထားရသည်။ အကြောင်းက ချန်ယန်းနဲ့လုဖုန်းဖျက်ဆီးသွားတဲ့ပစ္စည်းတွေကို ချန်အန်းကတာ့တာတောင်မလှုပ်ဘဲ ထွက်သွားတယ်လေ။ အခုတော့သူရှင်းရတော့မှာပေါ့။
တော်သေးတာက ချန်အန်း Gym ခန်းအတွက်ဝယ်ပေးထားတဲ့ပစ္စည်းတွေနဲ့ယှဥ်ရင် ဒီဘတ်စကတ်ဘောကွင်းလေးကဘာမှမပြောပလောက်တာပဲ။တက္ကသိုလ်ကချန်အန်းမျက်နှာနဲ့ဒီကိစ္စကိုလွှတ်ပေးလိုက်ပြီး ဝမ်လီကအသစ်ပြန်ပြင်ပေးပါမယ်ဆိုတဲ့ကတိဝန်ခံချက်နဲ့ကိစ္စပြီးသွားသည်။

'' ဘတ်စကတ်ဘောအတန်းကဆရာတကယ်အကျင့်မကောင်းတာပဲ။ ဘတ်စကတ်ဘောတိုင်ကိုကျိူးအောင်လုပ်လိုက်တယ်လည်းကြားရော ချက်ချင်းပါချူပ်ကိုပြေးတိုင်ပြီး ချန်ယန်းနဲ့လုဖုန်းကိုဘတ်စကတ်ဘောကွင်းမသုံးခိုင်းဖို့ပြောတယ်လေ။ တော်သေးတာက အသစ်လဲလို့မပြီးမချင်းလေးအချိန်ပဲ။''

ဝမ်လီကသူမချက်ထားသည့်ညစာကိုစားပွဲပေါ်တွင်ခင်းကျင်းရင်း ချန်အန်းတို့ထွက်သွားပြီးဖြစ်ပျက်ခဲ့သမျှအကြောင်းစုံကိုဖောက်သည်ချနေသည်။ ချန်ယန်းနဲ့လုဖုန်းရဲ့ကစားပွဲကလူတွေအများကြီးကိုဆွဲဆောင်လိုက်တာမို့ တော်တော်များများက ဗီဒီယိုရိုက်ပြီး Wechat moment မှာ shareကြတာနဲ့ ပြန့်ကုန်သည်။ နောက်ကျမှရောက်လာတဲ့သူတွေကတော့ လူကောင်လုံးကြီးကိုမမြင်လိုက်ရကြပေမယ့် ​ကွင်းထဲကဖန်ကွဲစတွေကိုကြည့်ပြီး အံ့ဩဘနန်းဖြစ်
နေကြတာမဆုံးဘူး။ ဒီလိုအဖြစ်အပျက်မျိူးက ပရောဖယ်ရှင်ကစားပွဲတွေမှာဖြစ်တတ်တာရှိပေမဲ့အပြင်မှာမြင်ရလိမ့်မယ်လို့တော့ ဘယ်သူမှမထင်ကြဘူးလေ။ဒါကြောင့်လည်း ရမှတ်ဘုတ်ကိုကွဲအောင်လုပ်တဲ့ အဆင်
လေးနှစ်ယောက်ရဲ့ကစားပွဲက သတင်းကတက္ကသိုလ်တစ်ခုလုံးဟိုးဟိုးကျော်နေပြီ။
ပုံတွေလည်းမြင်ရော တကယ်လူအစစ်မှဟုတ်ရဲ့လားဆိုပြီး အံ့သြနေကြရော။ တော်တော်များကတော့ ကျောင်းရဲ့ နံပါတ်တစ်ချန်ယန်းကိုသတိထားမိကြပေမဲ့ အမည်မသိလူချောကိုတော့ ဇဝေဇဝါဖြစ်နေကြလေရဲ့။ အေးစက်စက်အရှိန်အဝါနဲ့ချောမောနေပုံက Anime ဇာတ်ကောင် Rukawa Kaede နဲ့တောင်ဆင်သလိုပဲလို့မှတ်ချက်ပေးသူလည်းရှိပြီး သိတဲ့သူတွေကလည်း 'gym အတန်းထဲကလေ နင်တို့မသိကြဘူးလား အဲ့အတန်းကဆရာကလည်းသူတို့လောက်မချောပေမဲ့အရမ်းဆွဲဆောင်မှုရှိတာ' ဆိုပြီးအမေးအဖြေအတိုင်အဖောက်ညီနေကြလေရဲ့။

Rebirth of Chen An【Zaw + uni】Where stories live. Discover now