အခန်း ၁၅၆ - လေးယောက်မြောက်ကစားသမား

1K 148 0
                                    

အခန်း ၁၅၆ - လေးယောက်မြောက်ကစားသမား

ချန်အန်းမှန်းထားသလိုပဲ အဖွဲ့ရဲ့နာမည်ကိုသန့်ရှင်းအောင်လုပ်ဖို့ကလွယ်တဲ့ကိစ္စတော့မဟုတ်။ဒါပေမဲ့သူတို့ရဲ့ပြောင်းလဲမှုမှာစိတ်ဓာတ်မယိုင်ဘဲ မျှော်မှန်းထားတဲ့ပန်းတိုင်ကိုတန်းတန်းမတ်မတ်သွားမယ်ဆို အနှေးနဲ့အမြန်အောင်မြင်မှာတော့သေချာပါတယ်။

Red Fox လိုသစ္စာရှိနောက်လိုက်ရဲ့အကူအညီနဲ့လုဖုန်းရဲ့အဖွဲ့ကိုအသစ်ပြုပြင်ခြင်းလုပ်ငန်းစဥ်ဟာအတားအဆီးမရှိပါဘဲ အောင်မြင်သွားခဲ့သည်။ သို့​ပေ မဲ့ မြေခွေးကြီးတည်ထောင်ခဲ့တဲ့အင်ပါယာကြီးကိုလုဖုန်းဖျက်ဆီးပစ်တာဆိုသော စွတ်စွဲချက်ကိုလက်ခံလိုက်ရသည်။

ဒါကြောင့်လည်းကြိုတင်ပြင်ဆင်တဲ့အနေနဲ့ချန်အန်းကသူ့မှန်းဆချက်အတိုင်းဖြစ်လာမယ့်အရာတွေကို သေတမ်းစာရေးပေးလိုက်တယ်လေ။ စာထဲမှာသူသေသွားရင်လုဖုန်းကိုညီနောင်များအဖွဲ့ကိုတာဝန်ယူပြီး လက်နက်လောကကထွက်ခွာဖို့ညွှန်ကြားထားလိုက်သည်။ ဒီသေတမ်းစာကြောင့်လုဖုန်းလုပ်ရပ်က လူကျင့်ဝတ်သိက္ခာနဲ့သွေဖီခြင်းမရှိအဆင်ချောသွားခြင်းဖြစ်သည်။ မော်ဒန်လောကမှာလည်းတစ်ခုခုလုပ်တော့မယ်ဆို ကျင့်ဝတ်သိက္ခာနောက်ခံလေးရှိမှလေ။

လအနည်းငယ်ကြာတော့ အရာအားလုံးကဖြည်းဖြည်းချင်းရုပ်လုံးပေါ်လာပြီး အခုလုဖုန်းပင်ရှိနေစရာမလိုအပ်တော့ပေ။

ဘာပဲပြောပြောဒီလတွေ ကလုဖုန်းကိုနှိပ်စက်နေခဲ့တာကအမှန်တရားပဲ။ အဖွဲ့နဲ့ပတ်သက်ပြီးအလုပ်တွေရှုပ်နေခဲ့သလိုသူ့စိတ်ကလည်းလူတစ်ယောက်ဆီရောက်ရောက်နေခဲ့တယ်လေ။ဒါပေမဲ့ချန်အန်းကိုစိတ်မပူစေချင်တာကြောင့် သူအချိန်ရတဲ့အခါတိုင်းသူဘယ်လောက်လွမ်းနေကြောင်းပဲစာပို့ဖြစ်တယ်။
သူ့စိတ်ထဲမှာတော့အလုပ်စကတည်းကသုံးလအတွင်းချန်အန်းနားအရောက်ပြန်မယ်လို့အစီစဥ်ချထားတာပဲ။ သူဒီထက်ပိုပြီးမခံစားနိုင်တော့ဘူး။ ဒါပေမဲ့သူမပြန်ရသေးခင်မှာဘဲချန်အန်းဆီကစိတ်ဝင်စားစရာကောင်းတဲ့ message တစ်ခုရောက်လာခဲ့တယ်လေ။

နေကာမျက်မှန်၊ ပြန့်နေအောင်မီးပူထိုးထားတဲ့အနောက်တိုင်းဝတ်စုံအပြည့်နဲ့အေးစက်တဲ့အရှိန်အဝါက ကားပေါ်ကခြေထောက်ချကတည်းကလျှံထွက်နေပြီး နံဘေးကသက်တော်စောင့်နှစ်ယောက်ပါပါနေတော့ တက္ကသိုလ်ဝန်းထဲလုဖုန်းခြေချလိုက်တာနဲ့လူတိုင်းမျက်လုံးတွေကသူ့ဆီရောက်ကုန်ကြသည်။

Rebirth of Chen An【Zaw + uni】Where stories live. Discover now