အခန်း (၁၃၈) ဓားပြများကိုချေမှုန်းခြင်း

1.4K 260 11
                                    

အခန်း (၁၃၈) ဓားပြများကိုချေမှုန်းခြင်း

သူတို့ရန်သူတွေကဓားပြအုပ်စုတစ်စုသာဖြစ်ပေမဲ့လည်း ဒီဓားပြတွေကဒီနယ်မြေကိုစစ်သူကြီးနဲ့သူ့လူတွေထက်ကျွမ်းသည်။ စစ်မြေပြင်တွင်ဖြစ်ပါကဓားပြများဟာစစ်သူကြီး၏တပ်ဖွဲ့ကိုယှဥ်နိုင်မည်မဟုတ်သော်လည်း အခုဓားပြများကမူရွာငယ်များနှင့်လမ်းကြိုလမ်းကြားလျှိူမြောင်များတွင်စခန်းချပုန်းခိုနေကြသည်။

လမ်းတွင်တိုက်ခိုက်ရခြင်းကကျယ်ပြန့်သည့်စစ်မြေပြင်တွင်တိုက်ခိုက်ရခြင်းနှင့်များစွာကွာခြားသည်။ ဤနေရာတွင်နယ်မြေကျွမ်းကျင်မှုနှင့်လက်ဦးမှုအရင်ယူနိုင်သူကအရေးသာလိမ့်မည်။

ဓားလှံနဲ့တိုက်ခိုက်တဲ့ခေတ်ကာလမှာအမှောင်ထဲကကျည်ဆန်ကိုကြောက်စရာမလိုသော်လည်းအမှောင်ထဲကမြှားတစ်စင်းကမူအသက်ခြွေနိုင်သေးသည်။ လမ်းကျဥ်းလေးထဲလျှောက်သွားနေတုန်းခြုံခိုတိုက်ခိုက်ခံရနိုင်သလိုထောင်ချောက်လည်းဆင်ခံရနိုင်သည်။

ရလဒ်အနေနဲ့ကတော့လူတစ်ယောက်ပုခုံးပေါ်ကသေနတ်နဲ့လောကကြီးကိုသိမ်းနိုင်မယ်ထင်ရင်တော့သေဖို့တောင်းဆိုတာနဲ့အတူတူပဲပေါ့။ ဒါကြောင့်ချန်အန်းကအနိုင်ယူသည့်ကိစ္စကိုစစ်သူကြီးလူများထံလွှဲထားဖို့ဆုံးဖြတ်ထားသည်။

''အန်ကယ်ချန် ကျွန်တော်အရင်က အရှေ့အလယ်ပိုင်းမှာ UN ရဲ့ Peace-keeping စစ်ဆင်ရေးအဖွဲ့ဝင်အနေနဲ့လုပ်ခဲ့ဖူးတယ်။ဒီလိုလမ်းကျဥ်းတိုက်ပွဲတွေမှာအကောင်းဆုံးကလေပေါ် ကနေတိုက်တာပဲ။ ဒီနေရာမှာရွာသားတွေလည်းမရှိဘူးဆိုတော့ ရဟတ်ယာဥ်မောင်းပြီးစက်သေနတ်နဲ့ပစ်လိုက်ရင်ဓားပြတွေကြောက်သွားမှာသေချာတယ်။''

ဒါကဓားပြတွေကိုစိတ္ပိုင်းဆိုင်ရာတိုက်ခိုက်သည့်သဘောပင်။

ချန်အန်းလည်းဒါကိုတော့တွေးမိသည်။ဖြစ်ချင်တော့သူတို့ဆင်းလာတဲ့နေရာနဲ့ဒီနေရာကအတော်အလှမ်းဝေးသည်။ပွဲအစမှာတင်ရဟတ်ယာဥ်နဲ့တင့်ကားတွေကိုထုတ်လည်းမပြချင်သေးပါ။

''ဒုံးကျည်သေနတ်နဲ့တိုက်လို့ရတာပဲ။မင်းက sniper အနေနဲ့တာဝန်ယူ။ငါကစစ်သူကြီးရဲ့ငပိန်းလူတွေနဲ့အတူရွာထဲဝင်မယ်။''

Rebirth of Chen An【Zaw + uni】Where stories live. Discover now