အခန်း(၁၁၄) ဖွင့်​ဟခြင်း

Start from the beginning
                                    

ချန်​ကျန်းအန်း ​သေသွားတာသူမြင်​လိုက်​ရတဲ့အချိန်​တုန်းက သူငို​တောင်​မငိုနိုင်​ဘဲ အရာအားလုံးရပ်​ဆိုင်းသွားခဲ့တယ်​။ သူသာအတိတ်​ကိုပြန်​သွားလို့ရရင်​ ကျိန်​ဆိုပါတယ်​ ချန်​ကျန်းအန်း ကို ဘယ်​​တော့မှအဲ့လိုပိတ်​​လှောင်​မထားပါဘူးလို့။ အဲ့ဒီအစားသူ့ခံစားချက်​​တွေကို ထာဝရဖုံးကွယ်​ထားပြီး​နေသွားပါမယ်​။ ဒါဆိုရင်​ ချန်​ကျန်းအန်း​သေသွားမှာမဟုတ်​ဘူး။

"ဝမ်းနည်းစရာအ​ကောင်းဆုံးကဘာလဲမင်းသိလား'' ဝိုင်​​သောက်​ထားလို့ချန်​အန်းမျက်​လုံး​တွေက​ဝေဝါးစပြု​နေပြီ။ သူအသက်​ကိုခပ်​ဖြည်းဖြည်းရှူပြီး ကိုယ့်​ကိုယ်​ကိုယ်​ထိန်းထားရသည်​။

"တစ်​စုံတစ်​​ယောက်​ချစ်​မိ​နေတာ​သေချာရက်​နဲ့ ဖွင့်​မ​ပြောရဲတာပဲ။ကိုယ့်​ခံစားချက်​ကိုယ်​​သေချာပါရက်​နဲ့ရင်​မဆိုင်​ရဲဘူး။ ငါ​သေသွားတဲ့အထိ ငါသတ္တိမရှိခဲ့ဘူး'' ချန်​အန်းကိုယ့်​ကိုယ်​ကိုယ်​ဟားတိုက်​ပြီး ခွက်​ကိုင်​ထားတဲ့လက်​​ချောင်း​တွေကိုငုံ့ကြည့်​မိသည်​။ ချန်​အန်းတကယ်​သူ့ကိုယ်​သူရက်​စက်​လွန်းတဲ့လူတစ်​​ယောက်​လို့ခံစား​နေရပြီ။ သူများ​တွေအ​ပေါ်မှာ​ကော ကိုယ့်​ကိုယ်​ကိုယ်​ပါရက်​ရက်​စက်​စက်​ညှင်းဆဲ​နေမိတယ်​။

သူလူတစ်​ယောက်​ကိုချစ်​​နေပါလျက်​နဲ့မ​ပြောဖြစ်​ခဲ့ဘူး။ကျန်းလဲ့ကဘယ်​​လောက်​သနားစရာ​ကောင်းလိုက်​တဲ့က​လေးလဲ။ သူ့ရဲ့ရွံရှာသွားမှု​တွေကိုစိုးထိတ်​ပြီး ကိုယ့်​ကိုယ်​ကိုယ်​ချူပ်​တီးရင်း အရက်​နဲ့​ဆေးရဲ့သား​ကောင်​ဖြစ်​ခဲ့ရတယ်​။ သူ​သေသွားမှပဲ ​ပြောဖြစ်​ခဲ့လို သူသိခဲ့ရတယ်

လုဖုန်းက​ရော? အဲ့လိုပဲမဟုတ်​ဘူးလား။

သူက​ရော ? သူကသူ့ကိုယ်​သူ သူများထက်​ပိုနှိပ်​စက်​​နေမိ​သေးတယ်​၊ ပြီး​တော့ သူ့ဖြည်းဖြည်းချင်းနားလည်​လာတာက သူ့မှာလုဖုန်းအ​ပေါ် ခံစားချက်​​တွေရှိ​နေတယ်​။ ကျန်းလဲ့​သေဆုံးမှုအ​ပေါ်ကိုယ့်​ကိုယ်​ကိုယ်​နာကျည်းစိတ်​နဲ့နှစ်​​ပေါင်းများစွာ ပိတ်​​လှောင်​ပြီး ​နောက်​ဆုံးမှာလုဖုန်းကိုအ​ကြောင်းပြချက်​ထားကိုယ့်​ကိုယ်​ကိုယ်​အဆုံးစီရင်​ခဲ့တယ်​။ ​နောက်​ဆုံး​တော့ သူ​ကောသူ့နံ​ဘေးကလူ​တွေပါ ဇာတ်​သိမ်းမလှခဲ့ဘူး။

Rebirth of Chen An【Zaw + uni】Where stories live. Discover now