အခန်း(၁၁၄) ဖွင့်​ဟခြင်း

Start from the beginning
                                    

လုဖုန်းသူ့မျက်​နှာချင်းဆိုင်​ခုံက လူကိုမတူမရှုကြည့်​ရင်း ''ခင်​များဝိုင်​​သောက်​မလား''

ချန်​အန်း ဟင်​အင်းလို့ငြင်းလိုက်​မလို့ပဲ ဒါ​ပေမယ့်​မငြင်းဖြစ်​ဘဲ​ခေါင်းညိမ့်​လိုက်​သည်​။ ''အို​ကေ''

ခဏချင်းမှာပဲ​လေယာဉ်​​မောင်​တွေက ခွက်​နဲ့ဝိုင်​နီကိုယူလာပြီး ငှဲ့​ပေးလိုက်​သည်​။ ထိုအချိန်​အတွင်းမှာသူတို့စကားတစ်​ခွန်းမဆိုသလို တစ်​​ယောက်​ကိုတစ်​​ယောက်​လည်းကြည့်​မ​နေကြ​ပေ။ အတိအကျ​ပြောရရင်​ လုဖုန်းကချန်​အန်းနဲ့မျက်​လုံးချင်းဆုံဖို့အမြဲ​ရှောင်​​နေခြင်းဖြစ်​သည်​။

"မင်းဘာလို့ အိုးရန်​ပိုင်​ရှားနဲ့မတွဲတာလဲ။ သူ့ကြည့်​ရတာမင်းကိုအရမ်းချစ်​ပုံပါ'' ​နောက်​ဆုံးကစကားစရသူကချန်​အန်းပင်​။

ချန်​အန်းဝိုင်​ခွက်​ကိုဖြည်းဖြည်းချင်းလှုပ်​ရမ်း​လိုက်​သည်​။အနီ​ရောင်​အရည်​များက ဖန်​သားပြင်​ကိုပတ္တမြားပိုးပဝါစနှယ်​လျပ်​တဖြတ်​တို့ ထိကျီစယ်​​နေကြသည်​။ ဒါ​ပေမယ့်​ ဝိုင်​ခွက်​ကိုနှုတ်​ခမ်းနား​တေ့လိုက်​ရုံမှာပဲ မူး​ဝေမှုကိုချက်​ချင်းခံစားလိုက်​ရသည်​။

"လူတစ်​​ယောက်​​ပြောဖူးတယ်​ လူဆိုတာတစ်​​ယောက်​တည်း​နေလို့မရဘူးတဲ့။ အတားအဆီးမဲ့တဲ့အထီးကျန်​ခြင်းနဲ့အားငယ်​မှုကအလွယ်​တကူဝါးမျိုသွားလိမ့်​တဲ့'' ချန်​အန်းကမိမိလက်​ထဲက​ရှေ့ကဝိုင်​နီတစ်​ခွက်​နဲ့ တစ်​ဖက်​ အမျိုးသားကြို
ကည့်​ပြီး''မင်း​ကောဘယ်​လိုထင်​လဲ''

"ခင်​များဘာ​မေးချင်​​နေတာလဲ'' လုဖုန်းက ဝိုင်​ခွက်​ကို​ကောက်​ကိုင်​ပြီးခုံကိုမှီကာ ခွက်​ကိုလှုပ်​ရမ်းကစား​နေလိုက်​သည်​။

"မင်း​ပြောကြည့်​​လေ အဲ့လူသာသူ့ကိုချစ်​တဲ့သူနဲ့အတူ​နေမယ်​ဆိုအဆုံးသတ်​ကပိုမ​ကောင်းနိုင်​ဘူးလား''

လူငယ်​​လေးမျက်​လုံးကအားငယ်​မှုနှင့်​​ကြေကွဲခြင်းများထင်​ဟပ်​​နေသည်​။ တကယ်​လို့များလုဖုန်းသာ သူ့ရဲ့ခံစားချက်​​တွေကိုအရိုးရှင်းဆိုးနဲ့အစွမ်းကုန်​ထုတ်​ပြမယ်​ဆိုရင်​ ချန်​ကျန်းအန်း ဆိုတဲ့​မြေ​ခွေးအိုကြီးနှလုံးသားအရည်​မ​ပျော်​လာနိုင်​ရိုးလား။

Rebirth of Chen An【Zaw + uni】Where stories live. Discover now