အခန်း(၁၁၁) ဘယ်​သူ့အတွက်​လဲ

Start from the beginning
                                    

"သူကဘယ်​သူလဲ'' ဒီတစ်​ခါကအသံကအနည်းငယ်​မာ​ကြောပြီး ​လောကြီး​နေသည်​။

"ငါမသိဘူး''

"မသိဘူးဟုတ်​လား ။ ငါသိတဲ့လုဖုန်းက​တော့ မသိတဲ့လူတစ်​​ယောက်​အတွက်​ တိုက်​ဖွန်းမုန်​တိုင်းကြားက​နေ ဒီသက်​စွန့်​ဆံဖျားလာမယ့်​လူမဟုတ်​ဘူး'' အမှတ်​တမဲ့ကျစ်​ကျစ်​ပါ​အောင်​ဆုတ်​မိသည့်​ လက်​သီများကို​ဖြေ​လျော့လိုက်​ပြီး အသက်​ဖြည်းဖြည်းရှူကာ အိုးရန်​ပိုင်​ရှား ကိုယ့်​ကိုယ်​ကိုတည်​ညိမ်​​အောင်​ပြုသည်​။ သူအမြဲတမ်းသူ့ရဲ့တည်​ညိမ်​မှုကို ဒီဓားသွားလိုလူ​ရှေ့မှာဂုဏ်​ယူခဲ့တယ်​။

"လုဖုန်းမင်းနဲ့ငါကအခုမှာသိကြတာလည်းမဟုတ်​ဘူး။ငါယုံမယ်​လို့မင်းထင်​​နေတာလား''

"မင်းကဘယ်​လိုအ​ဖြေကြားချင်​​နေတာလဲ'' လုဖုန်းကသူ့ကိုလှည့်​ကြည့်​၏။ မဟူရာ​ရောင်​မျက်​ဝန်းနက်​တို့က အိုးရန်​ပိုင်​ရှား၏ရင်​တွင်းနှလုံးက ဓားဖျားနှင့်​တို့ထိလိုက်​သလို။ ထိုပုဂ္ဂိုလ်​​သေဆုံးသွားပါက လုဖုန်းဟာအခြားသူ​တွေကိုပါမြင်​လာလိမ့်​မည်​ဟု သူခပ်​ရူးရူးထင်​ခဲ့ဖူးသည်​။ ဒါ​ပေမယ့်​တစ်​နှစ်​ကြာတဲ့တိုင်​​အောင်​ သူအသစ်​ရှာ​တွေ့သွားတာမကြားရတာ​ကြောင့်​ သူစိတ်​လွှတ်​လက်​သာပြုံး​နေခဲ့မိသည်​။

မြေ​ခွေးအိုကြီး ​သေ​တော့ လုဖုန်းနှလုံးသားလည်း​သေသွားခဲ့​လေပြီလား။

လုဖုန်း၏ဓားသွားမျက်​ဝန်းကိုမ​ကြောက်​မရွံဘဲ ''ဒါဆိုဒီထဲကလူနှစ်​​ယောက်​ကိုလာ​တွေ့ပြီး ပြန်​မလို့လား''

ကျွီဆိုသည့်​အသံနှင့်​အတူ တံခါးပွင့်​သွားပြီး အိုးရန်​ပိုင်​ရှား အခန်းထဲဝင်​လိုက်​သည်​။ ဒီတစ်​ခါသူ့မျက်​လုံးများက အိုင်​ဗန်​ဆီမှချန်​အန်းဆီ​ပြောင်းလဲသွား၏။ ချန်​အန်းလည်းပဲမျက်​မှန်​မတပ်​ထား​ပေမယ့်​ အိုးရန်​ပိုင်​ရှား မျက်​လုံးထဲကရန်​သူအကြည့်​မျိုးကိုခံစားမိသည်​။

ဒီလိုရန်​စမှုမျိုးကို ​မြေ​ခွေးအိုးကြီးဘယ်​​သောအခါမှ​ရှောင်​ရိုးထုံးစံမရှိခဲ့။ ခပ်​စူးစူးထိုလူအားပြန်​ကြည့်​ကာ သူ့အားစိုက်​မကြည့်​ရန်​အမိန့်​​ပေးသည့်​မာန်​ထည့်​လိုက်​သည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now