အခန်း(၁၁၀) အဆက်​​ဟောင်း

Start from the beginning
                                    

"​မြေ​ခွေးကြီးက ​မြေ​ခွေးကြီးပဲ မနာလိုအူပုပ်​ကြီး'' အိုင်​ဗန်​က ရှူးရှူးရှားရှားဆို​တော့ ချန်​အန်းက'' ငါ့ဖက်​ကစ​ပြောင်းလဲတယ်​မလား''

"ကိုယ်​မင်းကို facelift လုပ်​​ပေးပါမယ်​ကွာ''

ကုတင်​စွန်းမှာ​ခြေချိတ်​ထိုင်​ရင်း ချန်​အန်းလက်​ကိုနှိပ်​လိုက်​သည်​။ ဒီဝက်​ဝံက​တော့အ​ရေထူရုံမကဘူး အရိုးလည်းမှာ​သေးတယ်​။

"ကိုယ့်​လို​မွေးရာပါ ရုပ်​​ချောသ​ဘော​ကောင်းတဲ့လူနား​နေရတာ မင်းစိတ်​မသက်​မသာ​ဖြစ်​မှာ​ပေါ့။ ကိုယ်​နားလည်​ပါတယ်​အချစ်​ရယ်​ ဒါ​ပေမယ့်​စိတ်​ချပါ ကိုယ်​မင်းကိုထားမသွားပါဘူး'' အထိုးခံရသည့်​ အိုင်​ဗန်​မှာမျက်​နှာပိုးမ​သေဘဲ ဆက်​​နောက်​​ပြောင်​​နေဆဲ။

"ဘယ်​သူကစိတ်​ပူ​နေလို့လဲ''

"မင်းအဲ့လို​ပြော​တော့ကိုယ်​စိတ်​မ​ကောင်းဘူး​ပေါ့ က​လေးရယ်​''

အိုင်​ဗန်​ကသမ်း​ဝေလိုက်​ပြီး  မျက်​လုံး​ပေါ်လက်​တင်​ပြီးအိပ်​လိုက်​သည်​။ ချန်​အန်းအသံမကြားရ​တော့ အိုင်​ဗန်​ကမျက်​လုံးဖွင့်​လိုက်​ပြီး ''မအိပ်​ဘူးလား စိတ်​မပူပါနဲ့ကွာဒီ​ကောင်​​တွေခု​လော​လောဆယ်​ဘာမှမလုပ်​နိုင်​ပါဘူး''

"မင်းဘာမင်းအိပ်​''

ချန်​အန်းကကုတင်​စွန်းမှာထိုင်​ပြီး ​မေးသပ်​ကာဆက်​စဉ်းစား​နေသည်​။ ခဏကြာ​တော့ အိုင်​ဗန်​ရဲ့အသက်​ရှူသံမှန်​မှန်​ကြား​နေရပြီ။ ဒီဝက်​ဝံတကယ်​အိပ်​သွားတာလား။

"အိုင်​ဗန်​?'' ချန်​အန်းနှစ်​ကြိမ်​​လောက်​​ခေါ်ကြည့်​​ပေမယ့်​ ထူးသံပြန်​မကြား​ပေ။ ချန်​အန်းမျက်​လုံး​ထောင့်​​တွေလှုပ်​သွားသည်​။ ဒီလူကအိပ်​ရင်​နှိုးလို့​တောင်​မကတဲ့သူမျိုးလား။ မ​နေ့ကအဖမ်းခံရတာ မဆန်း​တော့ပါဘူး ။ ​ရေချိုးခန်းကိုကြည့်​လိုက်​​တော့ ​ရေချိုးလို့ရမယ့်​ပုံ​ပေါ်တာနဲ့ ချန်​အန်း​ရေချိုးဖို့ဆုံးဖြတ်​လိုက်​သည်​။ သူ့လိုအသန့်​ကြိုက်​တဲ့လူအတွက်​နှစ်​ရက်​​လောက်​​ရေမချိုးရတာ နှိပ်​စက်​မှုကြီးပဲ။ ချန်​အန်း ​ရေချိုးခန်းထဲ​ခြေသံလုံလုံနဲ့သွားပြီး ပိုက်​​ခေါင်းကိုလှည့်​ကြည့်​​တော့ အမှန်​ပင်​​ရေရှိ​နေသည်​။ ပထမထွက်​လာတဲ့​ရေ​တွေက​အေးပြီး ​နောက်​ပိုင်း​ရေ​တွေက​နွေး​နေသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now