အခန်း(၁၁၀) အဆက်​​ဟောင်း

Start from the beginning
                                    

"မ​နေ့ကဘယ်​ဝက်​ဝံအရူးအညှို့ခံရပြီး ဝက်​တစ်​​ကောင်​လိုအိပ်​​နေလဲမသိဘူး'' ချန်​အန်းက​တော့အိုင်​ဗန်​ကိုအဲ့​လောက်​သတိမရှိသူမဟုတ်​ဟု ယုံသည်​။

အိုင်​ဗန်​ကရယ်​လိုက်​ပြီး ''အချစ်​ရယ်​ သူများအနာကိုဆားမသိပ်​လို့မရဘူးလား။ မ​နေ့ညကမင်းအိပ်​​နေတာ​လေးက အရမ်းချစ်​ဖို့​ကောင်း​တော့ ကြည့်​မိသူတိုင်းအညှို့ ခံရသလိုပဲ​နေမှာ''

ဂုတ်​ပိုး​နောက်​က အိုင်​ဗန်​ရဲ့နှုတ်​ခမ်း​မွှေးတိုစိရဲ့စူးရှမှုကို ချန်​အန်းဆက်​သည်းမခံနိုင်​​တော့ဘဲ သက်​ပြင်းအသာချလိုက်​သည်​။ ''ငါတို့ဒီမှာ​သေရ​တော့မှာလား''

"​ဟေး..အဲ့လိုနိမိတ်​မရှိတာ​တွေကြီး​တွေမ​ပြောစမ်းနဲ့။ မင်းကဘယ်​သူမို့လဲ ​မြေ​ခွေးကြီးမလား''

"အိုင်​ဗန်​...'' ချန်​အန်း၏​လေ​ပြေ​အေး​ခေါ်သံက ဝက်​ဝံ​ပေါက်​ကိုတွန့်​လိမ်​ခုန်​​ပေါက်​မတတ်​ဖြစ်​သွား​စေသည်​။

"အိုး..အချစ်​ ​ပြော..ကိုယ်​ဒီမှာရှိတယ်​။ အမြဲတမ်းရှိ​နေမှာ'' အိုင်​ဗန်​ကြည့်​ရတာချန်​အန်းစကားလုံးစုံဥသုံယုံ​တော့မည့်​ဟန်​။

ချန်​အန်းနှုတ်​ခမ်းစွန်းကအပြုံးစစ​ပေါ်လာ၏။ မိမိအားဖက်​​တွယ်​ထားသည့်​လက်​​မောင်းသားများပိုင်​ရှင်​ရှိရာ ​နောက်​သို့လှည့်​ကာ လက်​များကိုအိုင်​ဗန်​ပုခုံးဆီသို့ချိတ်​တွယ်​လိုက်​သည်​။  နှုတ်​ခမ်းသားတို့အထိအ​တွေ့ကနူးညံ့ညင်​သာစွာ..။

ဤရုတ်​တရက်​အပြုအမူက အိုင်​ဗန်​၏နှလုံးသားကိုမီးလျှံရဲရဲတွင်​ပစ်​ချလိုက်​သည့်​အလား။ ကြမ်းတမ်းသည့်​စိတ်​အလျင်​ကိုထိန်းချူပ်​ပြီး အနမ်းတို့ကိုတုန့်​ပြန်​လိုက်​သည်​။ သို့​သော်​လည်းလက်​များက အသိမရှိ။ မုန်​တိုင်းကြားမှာ​တောင်​ မမှုခဲ့​သေးတာ အခုလိုနှစ်​​ယောက်​အတူပိတ်​ခံထားရချိန်​မှာလည်း ရှက်​စရာ​ကောင်းတာ​လေး​တွေလုပ်​ချင်​​သေးတယ်​။

"အ့''

ရုတ်​တရက်​​အော်​သံနဲ့အတူ အိုင်​ဗန်​ပါးတစ်​ဖက်​ကိုအုပ်​ပြီး အိပ်​ရာ​ပေါ်လိမ့်​​နေရ​တော့သည်​။ သူ့မျက်​လုံးထဲမှာ​တော့မ​ကျေနပ်​မှုပြည့်​​နေပြီး အ​စောကသူ့ကိုအရင်​မြူဆွယ်​ဖြား​ယောင်းပြီးလက်​သီးနဲ့ထိုးလိုက်​တဲ့ အယုတ်​တမာလူကြီးကို မ​ကျေမချမ်းကြည့်​​နေသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now