အခန်​(၁၀၉) ပြန်​​ပေးဆွဲခံရခြင်း

Start from the beginning
                                    

"လျှပ်​စစ်​မရှိဘူး​ပေါ့'' ချန်​အန်း​ခေါင်းရမ်းပြီး စကား​ပြောစက်​ကို​ဘေးပစ်​လိုက်​သည်​။ ပြတင်း​ပေါက်​ကိုလှမ်းကြည့်​​တော့အ​မှောင်​ထုမှတစ်​ပါး အခြားအရာမမြင်​ရ​ပေ။

အိုင်​ဗန်​ကခင်းပြီးသားအိပ်​ယာကိုပုတ်​ပြီး ''မုန်​တိုင်းကမနက်​ဖန်​​လောက်​မှညိမ်​​လောက်​မယ်​ အန်း..မင်းအရင်​အိပ်​ထားလိုက်​ ကိုယ်​ည​စောင့်​မယ်​'' သူ့ရဲ့အသိစိတ်​ကသူ့ကိုအိပ်​ခွင့်​မပြု​ပေ။ ဒီလိုသူစိမ်းနယ်​​မြေမှာ အန္တရာယ်​ကိုရင်​ဆိုင်​ဖို့တစ်​​ယောက်​​ယောက်​က​တော့တာဝန်​ရှိတယ်​မဟုတ်​လား။

ချန်​အန်းကလည်းမငြင်း​ပေ။ သူ့အ​နေနဲ့ညကြီးမအိပ်​ဘဲ​နေရတာလည်းမကြိုက်​ဘူး​လေ။ ''ညလယ်​​ရောက်​လို့အိပ်​ချင်​လာရင်​ ငါ့ကိုနိုးလိုက်​။''ဟု ​ပြောပြီးတာနဲ့ချက်​ချင်း အိုင်​ဗန်​ခင်းထားတဲ့အိပ်​ယာ​ပေါ်လဲချပြီး မျက်​လုံးမှိတ်​လိုက်​သည်​။

"မင်း ကိုယ့်​​ပေါင်​​ပေါ်အိပ်​လို့ရတယ်​..'' ချန်​အန်းကခပ်​တိုးတိုးဆိုလိုက်​သည်​။ ချန်​အန်းက​တော့ အိပ်​​နေသလားအိပ်​ချင်​​ယောင်​​ဆောင်​​နေသလားမသိ တုန့်​ပြန်​မှုမရှိ​ပေ။

အိုင်​ဗန်​၊ ချန်​အန်း၏ဆံပင်​များကိုခပ်​ဖွဖွပွတ်​သပ်​ပြီး ​သေနတ်​ကို​ဘေးချကာ နံရံကိုမှီလိုက်​သည်​။ ဖ​ယောင်းမီး​ရောင်​က ချန်​အန်းမျက်​နှာကို ခပ်​ရိပ်​ရိပ်​ဟပ်​​နေပြီး သူချန်​အန်းမျက်​နှာကိုထိုင်​ကြည့်​​နေမိသည်​။

ထို့​နောက်​ညလယ်​အချိန်​ သူ့တ​မှေးအိပ်​​ပျော်​ချိန်​၌ ပြတင်း​ပေါက်​အပျက်​မှမီးခိုး​ငွေ့ဗူးတစ်​လုံး အတွင်းသို့ကျလာပြီးအခန်းတစ်​ခုလုံးပြန့်​နှံ့ သွားသည်​။
.....

"ကိုယ်​​တောင်းပန်​ပါတယ်​ အချစ်​'' အိုင်​ဗန်​ကအရှက်​မဲ့စွာဆို၏ ''ကိုယ့်​ကိုခွင့်​လွှတ်​ပါ။ မင်းအိပ်​​နေတာကို ကိုယ်​ကြည့်​ရတာ သ​ဘောကျလို့ပါကွာ။''

"မင်းအခုလိုအသက်​ရှင်​​နေတာပဲ ​တော်​လှပါပြီကွာ''

တကယ်​လို့များ သူ့​ခြေလက်​​တွေကတုပ်​​နှောင်​မခံထားရပါက ချန်​အန်း ၊ အိုင်​ဗန်​ကိုကန်​မိ​လောက်​သည်​။ သူကြို​တွေးခဲ့သင့်​တာ ဒီဝက်​ဝံ​ကောင်​ကိုည​စောင့်​ခိုင်းလို့မယုံရဘူးဆိုတာ အခု​တော့သူတို့နှစ်​လုံးကြိုးတုပ်​အချူပ်​ခံထားရတာပဲ အဖတ်​တင်​တယ်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now