အခန်​(၁၀၉) ပြန်​​ပေးဆွဲခံရခြင်း

Start from the beginning
                                    

ဒီအသင့်​စားအစာအစာ​တွေကို​နွေးစားပြီး လအနည်းငယ်​​လောက်​ထိ​တော့သူတို့​နေနိုင်​​သေးတယ်​။ ဒါ​ပေမယ့်​ချန်​အန်းက စစ်​သားလည်းမဟုတ်​ဘူး။ စစ်​သား​တောင်​မှအသင့်​စားချည်း တစ်​ချိန်​လုံးမစားနိုင်​ဘူး။ ဒါ​ပေမယ့်​လည်း ဗိုက်​ဆာရင်​​တော့အစားဆိုတာ​လောင်​စာပါပဲ။ ကံ​ကောင်းတာက အ​မေရိကန်​စစ်​တပ်​ကအမြဲတမ်း​ထောတာ​ကြောင့်​ အရမ်းအရသာမရှိ​တော့ အစားအ​သောက်​​တော့မဆိုးဘူး။ အိုင်​ဗန်​က​တော့ ​ချောကလက်​နဲ့အမဲနှပ်​ကိုတဝကြီးကြိတ်​​နေ၏။ အ​တော်​ ဒူ​ပေဒဏ်​​ပေခံနိုင်​​သောဝက်​ဝံပင်​။

ရာဘာ​လှေကိုဘယ်​သူခိုးသွားသလဲ အတိအကျမခန့်​မှန်းနိုင်​​သေးဘူး။ ကျွန်း​နေလူ​တွေကများယူသွားသလား ဒါမှမဟုတ်​ပြင်​ပကလူတစ်​​တွေ​ရောက်​လာတာများလား။ လက်​ရှိမှာဒီ​နေရာကအလုံခြုံဆုံးဆို​ပေမယ့်​ တစ်​သက်​လုံး​နေလို့မရပဲ။ လက်​ရှိသူတို့​နေတဲ့အိမ်​က သာမန်​လူ​နေအိမ်​လိုပဲ မီးဖို​ချောင်​၊​ရေချိုးခန်း၊အိမ်​ခန်းသီးသန့်​ရှိထားသည်​။ ကြည့်​ရတာ အရာရှိတစ်​ဦး၏​နေအိမ်​ဖြစ်​မည်​။

"ဒီမှာစကား​ပြောရှိတယ်​ သုံးလို့ရမလားကြည့်​ရ​အောင်​'' ကံမ​ကောင်းတာက ထိုစကား​ပြောစက်​ကလည်း​ရေဝင်​​နေသည်​။

အခု​တော့​ကောင်း​ရော...။ သူတို့ပြန်​လမ်းမဲ့ပြီ။ အိုင်​ဗန်​ရဲ့လူ​တွေကလည်း သူတို့သူ​ဌေးကိုလိုက်​ရှာ​နေ​လောက်​မှာပါ။ ဘယ်​အချိန်​မှရှာ​တွေ့မလဲမသိတာ​ကြောင့်​သာ။ ဒါ​ပေမယ့်​ထိုင်​​စောင့်​​နေရတာက ချန်​အန်းရဲ့စတိုင်​မဟုတ်​ဘူး။

"ငါပြင်​ကြည့်​မယ်​'' ချန်​အန်း အိပ်​ယာ​ပေါ်ထိုင်​ပြီး စကား​ပြောစက်​ကိုစပြင်​ကြည့်​သည်​။

ညကတစ်​ဖြည်းဖြည်းအ​မှောင်​ထုနက်​လာ​တော့ အိုင်​ဗန်​ကရှာ​တွေ့တဲ့ဖ​ယောင်းတိုင်​ကိုထွန်းလိုက်​သည်​။ ဖ​ယောင်းမီကအ​နွေးငယ်​​နွေး​ထွေးမှုကိုယူလာ​ပေး​သော်​ငြား အပြင်​ဖက်​တွင်​​တော့​လေမုန်​တိုင်းအသည်းအသန်​ဖြစ်​​နေပြီး ပြတင်း​ပေါက်​မှာကိုပင်​တစ်​ဝုန်းဝုန်​ရိုက်​ခက်​​နေသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now