
Depuis le début
                                    

ရုပ်​တရပ်​​နောက်​မှာရပ်​​နေသည့်​ အိုင်​ဗန်​မှာ​တောင့်​​တောင့်​ကြီးဖြစ်​သွားသည်​။ အဘယ့်​​ကြောင့်​ဆို ချန်​အန်းကစိတ်​မဆိုးတဲ့အပြင်​ ခါး​ပေါ်ကသူ့ကိုပြန်​ကိုင်​လိုက်​​သော​ကြောင့်​ပင်​။

"Titanic ကမြှုပ်​သွားတယ်​ ဇာတ်​လိုက်​လည်း​သေသွားတယ်​ ။ လက်​လွှတ်​လိုက်​ပြီး​တော့​လေ''

"အိုး....ကိုယ်​သာဆိုရင်​​တော့မင်းကိုဘယ်​​တော့မှလက်​လွှတ်​မှာမဟုတ်​ဘူး။ ကိုယ်​မင်းနဲ့အတူ​နေချင်​တယ်​။ ကိုယ်​​သေရင်​လည်း အတူ​သေကြမယ်​'' အိုင်​ဗန်​၊ ချန်​အန်းကိုလွှတ်​မ​ပေးပဲ တိုးဖက်​ပြီး လည်​တိုင်​ကိုခပ်​ဖွဖွနမ်းလိုက်​သည်​။

"​မြေ​ခွေးအိုကြီး ခင်​များ ကျွန်​​တော်​နဲ့အတူ​နေဖို့​တွေ​ဝေ​နေစရာလို​သေးလို့လား? အဲ့ဒီ ၂ ဘီလီယံကို တင်​​တောင်း​ငွေလို့သ​ဘောထားလိုက်​ ။ ခင်​များ​ပေးတဲ့ ကျည်​ဆန်​က​တော့  ချစ်​သက်​လက်​​ဆောင်​​ပေါ့''

"ဖယ်​စမ်း!" ချန်​အန်း ၊ အိုင်​ဗန်​လက်​ကိုဖက်​ခနဲရိုက်​ချလိုက်​သည်​။

[12-9-18]

တော်​ကီ​တွေက​တော့ ဖလားနဲ့ခံထားတဲ့မျက်​ရည်​​တွေနဲ့ပက်​ပြီးအချိုရည်​ပိုက်​နဲ့မ​သေမချင်းရိုက်​သတ်​ချင်​စရာ​လေးပါပဲ >\\\<


|Unicode|

အခန်း(၉၈) ပင်လယ်ကိုပျားရည်ဆမ်းတဲ့ခရီးလမ်း

မျက်စိရှေ့ကရွက်လှေအဖြူကိုကြည့်ပြီး ချန်အန်းမျက်ခုံးပင့်လိုက်သည်။

အိပ်ရာထဲနှစ်ရက်လောက်လဲနေပြီးနောက်ဆုံးတော့ သူထနိုင်ခဲ့ပြီ။အိုင်ဗန်ကတော့ သူ့ရှေ့မှာအမြဲလိုလိုပေါ်ပေါ်လာပြီး သူကြိုက်ကြိုက် မကြိုက်ကြိုက် အတူတူစား၊အတူတူရုပ်ရှင်ကြည့်၊Gymဆော့ တစ်ခါတစ်လေ ကျွန်းပေါ်လမ်းလျှောက်ထွက်ဖို့ ဘေးကလိုက်သည်။

သူကျွန်းပိစိလေးထဲကနေ သူအတောင်ပေါက်ပြီးပျံသွားမရနိုင်မှန်းသိလို ့ထင် အိုင်ဗန်သူ့ကိုအရမ်းကြီးပိတ်ပင်တားဆီးထားတာမျိူးတော့မရှိ။ သက်တော်စောင့်တွေဘေးမှာအမြဲရှိပေမယ့် ချန်အန်းက 'လိုက်မလာနဲ့' လို့ပြောရင် သူတို့တကယ်ပဲ လိုက်မလာကြတော့။

Rebirth of Chen An【Zaw + uni】Où les histoires vivent. Découvrez maintenant