အခန်း(၈၉) ဝိုင်

Start from the beginning
                                    

"မင်းကဘယ်​လိုအ​ဖြေမျိုးကြားချင်​လို့လဲ'' ဝိုင်​တစ်​ခွက်​​သောက်​ပြီး​နောက်​ ချန်​အန်းစတင်​မူး​ဝေလာသည်​။ ချန်​အန်း ခွက်​ကိုကိတ်​ယာရှာ​ရှေ့​မြှောက်​ပြပြီး ပြုံးလိုက်​သည်​။

"​ရှောင်​ယိဝမ်​ ​လေးကို​ပြောလိုက်​စမ်းပါ ငါသူ့ကိုအခန်းထဲမှာ​စောင့်​​နေမယ်​လို့''

ဝိုင်​ပုလင်းကိုလွှဲရမ်းလျှက်​ အိမ်​​ပေါ်ထပ်​ကိုတက်​သွားသည့်​ ချန်​အန်း​ကျောပြင်​ကိုကြည့်​ပြီး ကိတ်​ယာရှာမျက်​​မှောင်​ကြုတ်​လိုက်​သည်​။ အခုတ​လော ဘယ်​ကမှန်းမသိတဲ့ကုန်​သည်​တစ်​စုက သူတို့ရဲ့ဂွင်​​တွေကိုလုယူ​နေတာ ဒီကိစ္စကချန်​အန်းနဲ့ ပတ်​သက်​​နေမလား သူမအတပ်​မ​ပြောရဲဘူး။

ဒါ​ပေမယ့်​လည်း ကြည့်​ရသ​လောက်​က ဒီလူဟာဒါမျိုး​တွေနဲ့အဆက်​အသွယ်​ရှိပုံမရဘူး။ စုံစမ်းထားတဲ့သတင်းအရ​တော့ ဒီလူဟာ ​ဒေဝါလီခံရပြီး​နောက်​ပိုင်း ကိုယ့်​ကိုယ်​ကိုသတ်​​သေခဲ့​သေးတယ်​ဆိုပဲ။ ဒါ​ပေမယ့်​ ခုကြည့်​ရတာ​တော့ ကြားရတဲ့သတင်းနဲ့လုံးဝတစ်​ခြားစီလိုပဲ။

အိုင်​ဗန်​အဖမ်းခံရတာက သူနဲ့ပတ်​သက်​​နေတာ​သေချာ​နေရက်​နဲ့ ​နောက်​ရက်​အနည်းငယ်​ကြာတဲ့အထိ ဒီလူရဲ့အပြုအမူက​အေး​အေး​ဆေး​ဆေးပဲ ။ ​ကြောက်​လန့်​​နေတာမျိုး​တောင်​မရှိဘူး။ ဒါကဟန်​​ဆောင်​​နေတာမဟုတ်​ဘူးဆိုရင်​​တော့ ကိတ်​ယာရှာ​ပြောနိုင်​တာက ဒီလူဟာအရမ်းထူးဆန်းတယ်​။ လွယ်​လွယ်​နဲ့ထိန်းချူပ်​လို့မရနိုင်​ဘူး။

ပုဇွန်​ဆီ​ရောင်​​နေစက်​ဝန်းက ပင်​လယ်​​ရေမျက်​နှာပြင်​​အောက်​မ​ပျောက်​ဆုံးသွားခင်​ ​ရေယာဉ်​ပျံတစ်​ခုကတိမ်​တိုက်​များကြားမှထွက်​​ပေါ်လာပြီး ကမ်းစပ်​မှာ​ရေချလိုက်​သည်​။

နေကာမျက်​မှန်​တပ်​ထားသည့်​ ​ရွှေ​ရောင်​ဆံပင်​နဲ့အမျိုးသားက​လေယာဉ်​​ပေါ်ကဆင်းပြီး သူ့ပိုက်​နက်​​ပေါ်​ခြေချလိုက်​သည်​။

"သူဘယ်​မှာလဲ ''

ချန်​အန်းနဲ့​တွေ့ရင်​ ဘယ်​လိုလုပ်​ရမလဲအိုင်​ဗန်​အမျိုးမျိုး​တွေ့ကြည့်​မိသည်​။ ဥပမာ သူ့ကိုသွားနဲ့ခပ်​နာနာကိုက်​ပစ်​ရင်​​ကောင်းမလား? ဒါ​ပေမယ့်​ အဲ့လိုကိုက်​လိုက်​ရင်​ ဒဏ်​ရာရပြီး​သွေး​တွေအများကြီးထွက်​လာရင်​ ဘယ်​လိုလုပ်​မလဲ ​တွေးမိပြန်​​ရော။

Rebirth of Chen An【Zaw + uni】Where stories live. Discover now