အခန်း(၈၀) ဟုတ်​တယ်​မလား?

Start from the beginning
                                    

"ခင်​များက ဦးအန်းလား?'' လုဖုန်းထပ်​​မေးလိုက်​သည်​။

သူ့​ရှေ့တွင်​ရူး​တော့မည့်​ လုဖုန်းကိုကြည့်​ရင်း ချန်​အန်းရင်​ထဲကအနည်းငယ်​ညှို့မှိုင်းလာသည်​။ သူလုဖုန်း၏အ​မေးကိုမ​ဖြေဖြစ်​။ အိုင်​ဗန်​က သူ့လက်​ကိုဆွဲပြီး ​ဘော်​ဒီဂတ်​များခြံရံလျှက်​​ရေကူးကန်​မှထွက်​ခွာသွားသည်​။

သူတို့ထွက်​သွားပြီး ချန်​အန်း​နောက်​ကိုပြန်​လှည့်​ကြည့်​​တော့ ​ရေကူးကန်​နံ​ဘေးမှာရပ်​​နေဆဲ လုဖုန်းကိုမြင်​လိုက်​ရသည်​။ သူက​ခေါင်းငိုက်​စိုက်​​နေပြီး မကူနိုင်​မကယ်​နိုင်​ ပြိုလဲခြင်းနွံအိုင်​အိမ်​မက်​ဆိုးထဲမှာ ရုန်းမထွက်​နိုင်​ပဲ ဖြစ်​​နေရှာသည်​။

အိုင်​ဗန်​လည်း ချန်​အန်းကြည့်​ရာကိုတစ်​ချက်​လှည့်​ကြည့်​ပြီး လျစ်​လျူရှုလိုက်​သည်​။ သူကခပ်​မဲ့မဲ့ဖြင့်​ ''​မြေ​ခွေးအိုကြီးကအရမ်းလွန်​လွန်းတယ်​။ လုဖုန်း​တော့အ​နှေးနဲ့အမြန်​ရူးမှာပဲ။ အချစ်​ အဲ့အရူးကိုသိပ်​မကြည့်​နဲ့ သူကြိုက်​တဲ့သူက မင်းမဟုတ်​ဘူး''

"ငါ့ကိုကြိုက်​တဲ့လူတိုင်းက ဘာလို့မင်းလိုဖြစ်​ရမှာလဲ ။လုဖုန်းကိုသိပ်​မကြည့်​နဲ့ဟုတ်​လား ။ မင်း​ကောဘာထူးလဲ။'' ချန်​အန်း ၊ အိုင်​ဗန်​ကို သူ့စကားနဲ့သူပြန်​ချည်​လိုက်​သည်​။ သူအခု ဒီဝက်​ဝံကိုပိုအထင်​မြင်​​သေးလာပြီ။

"ကိုယ်​မှားသွားတယ်​ ခွင့်​လွှတ်​​ပေးပါ​နော်​။ အဲ့လိုကြီးမ​နေပါနဲ့ ​ရော့ ဒီမှာမင်းမျက်​မှန်​'' အိုင်​ဗန်​က poohဝက်​ဝံ​လေးလို ​ခေါင်းကိုသနားကမားငုံ့ ရင်း မျက်​မှန်​ကိုသုတ်​လိုက်​သည်​။ ပြီး​နောက်​ စိတ်​ကြီးတဲ့ဇနီးသည်​​လေးကို​ချော့သလိုမျက်​မှန်​ကို ကိုယ်​တိုင်​ကိုယ်​ကျ ပြန်​တပ်​​ပေးလိုက်​​သည်​။ထို့​နောက်​ခါးကိုဖက်​ပြီး ဟိုတယ်​အခန်းဆီလမ်းပြ​ခေါ်သွား​လေသည်​။

အမှန်​တကယ်​ဆို ချန်​အန်း​ရှောင်​လိုက်​ချင်​သည်​။ ဒါ​ပေမယ့်​ သူ့ခန္ဓာကိုယ်​ကသူ့စိတ်​တိုင်းမပါ။ ဒါဟာ သူအရမ်းအားနည်း​နေတဲ့အတွက်​​ကြောင့်​​တော့မဟုတ်​ ။ ​ရေကူးကန်​နံ​ဘေးကလူကိုပြန်​​တွေးတိုင်း ရင်​ထဲကပင်​ပန်းလာ​သော​ကြောင့်​ဖြစ်​သည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now