အခန်း(၈၀) ဟုတ်​တယ်​မလား?

Start from the beginning
                                    

မိဘ၏စွန့်​ပစ်​ခြင်းကို​ကြောက်​ရွံ​နေသည့်​ က​လေးငယ်​လို လုဖုန်း၊ ချန်​အန်းကိုတိုးရှိုး​တောင်းပန်​ကာတင်းကြပ်​စွာဖက်​ထား​လေသည်​။ ချန်​အန်း၏မ​ပြောင်းလဲ​သောအပြုံးတို့က ထို​ကြောက်​မက်​ဖွယ်​ ည​နေခင်းကိုတဖန်​ပြန်​သတိရမိ​စေသည်​။

ကျွန်း​ပေါ်မှာ​နေသာ​နေပြီး အပြုံးနဲ့​သေနတ်​ကိုဆွဲထုတ်​ကာကိုယ်​နားထင်​ကိုယ်​ချိန်​လိုက်​သည့်​သူကို သူက​ငေးကြည့်​​နေသည်​။ အနီ​ရောင်​​သွေးစက်​များက ပင်​လယ်​​လေနဲ့အတူ​ရောယှက်​သွားပြီး ငရဲသို့ခုန်​ဆင်းသွားသည်​။ သူ့ကိုလည်းကမ်းမမြင်​နိုင်​သည့်​ အရူးမီးပင်​လယ်​ထဲနစ်​မြှုပ်​​စေခဲ့သည်​။

ငရဲတွင်းအသူရာ​ချောက်​ထဲက ထိုလူကိုသူပြန်​လည်​ဖမ်းဆုပ်​ဖို့မဖြစ်​နိုင်​​တော့ဘူးဆို​ပေမယ့်​ သူ့ လက်​​မောင်းကြားကဒီလူဟာ ကျန်းအန်းနဲ့သိပ်​တူတယ်​။ မချိတချိခပ်​မဲ့မဲ့အပြုံး​တွေ ၊ စူးရှတဲ့ဇာမဏီမျက်​ဝန်း​တွေ....

ဒါက အိမ်​မက်​တစ်​ခုဆိုရင်​ သူ့ကိုဘယ်​​တော့မှမနိုးထ​စေပဲ နစ်​မြှုပ်​ပါ​စေ။

"လုဖုန်း မင်း​ခေါင်းကို​မော့ပြီး​သေချာကြည့်​စမ်း ။ သူကဘယ်​သူလဲ!"  အိုင်​ဗန်​ သူတို့နှစ်​ဦးဆီ​ရောက်​လာပြီး ချန်​အန်းကိုပြန်​ဆွဲကာ ​အေးစက်​​တောင့်​ခဲ​နေသည့်​ လုဖုန်းကိုတစ်​ခွန်းချင်းဆီထပ်​မံ​ပြောလိုက်​သည်​။ ''သူက ငါ့ရဲ့ချန်​အန်း ၊ မင်းရဲ့ချန်​ကျန်းအန်း မဟုတ်​ဘူး နားလည်​လား?''

လုဖုန်း ချန်​အန်းကိုကြည့်​လိုက်​သည်​။ ရုပ်​ရည်​က​​တော့အမှန်​ပင်​ ကွဲပြားသည်​။

တစ်​ဖက်​မှာ ချန်​ကျန်းအန်း​ပေါ်ထားတဲ့သူ့ရဲ့သစ္စာကိုဘယ်​​တော့မှမ​ဖောက်​ချင်​သလို တစ်​ဖက်​မှာလည်းချန်​ကျန်းအန်းနဲ့သိပ်​တူတဲ့ ဒီလူအ​ပေါ်မှာ​အောင့်​အီးမထားနိုင်​တဲ့အချစ်​​တွေရှိ​နေပြန်​တယ်​။ ​တွေ​ဝေဒွိဟများနှင့်​ ဆုပ်​လည်းစူးစားလည်းရူးအ​ခြေအ​နေတွင်​ လုဖုန်းလွန်​လူး​နေပြီး စိတ်​ကစဉ့်​ကလျား​ရောဂါပင်​ရ​တော့မည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now