အခန်း (၇၀) အတိတ်​၌ဖက်​တွယ်​ခြင်း(သို့)မင်းအပိုင်

Start from the beginning
                                    

"မင်း​နောက်​ကွယ်​မှာဘာလုပ်​ရဲလို့လဲ''  အိုင်​ဗန်​ရဲ့ စကားကို ခပ်​ရွဲ့ရွဲ့ဆိုပြီး ဒီပထမပွဲက ကတ်​​တွေကိုလှန်​လိုက်​သည်​။ အ​ကောင်းဆုံးကတ်​က​တော့ လုဖုန်းလက်​ထဲမှာရှိ​နေသည်​။

လုဖုန်းက အိုင်​ဗန်​ကို ​အေးစက်​စွာကြည့်​ရင်း ''အိုင်​ဗန်​...မင်းကတ်​ကြည့်​ရတာသိပ်​​ကောင်းပုံမရဘူး။ ကံ​ကောင်းခြင်းနတ်​ဘုရားမကမင်းနဲ့အမြဲတမ်းရှိမ​နေနိုင်​ဘူး။ တစ်​ခါတစ်​​လေ သူကပို​ကောင်းတဲ့သူကို​ရွေးဖို့ စဉ်းစားတယ်။ Worse, 20 million''

လောင်း​ကြေးနှစ်​ဆထပ်​ ထည့်​လိုက်​တာ​ကြောင့်​ဝိုင်းအတွင်းမှာ သူ​ဋ္ဌေးများက​လောင်း​ကြေးဆက်​မထပ်​​တော့ပဲ ​နောက်​ဆုတ်​​နေလိုက်​သည်​။ သူတို့ရှုံးမှာသိလျှက်​နဲ့ဆက်​လိုက်​​နေရင်​ ပိုရှုံးတာပဲအဖတ်​တင်​မည်​​လေ။

"လိုက်​ခဲ့'' အခြားလူဖက်​က ပိုက်​ဆံကို​ဖော​ဖောသီသီ သုံးသလို ချန်​အန်းကလည်း မျက်​​တောင်​မခတ်​ပဲ ဆက်​လိုက်​သည်​။

ဒီလိုနဲ့ပဲ နှစ်​ပွဲပြီးသွား​တော့ ဝိုင်းထဲမှာ အိုင်​ဗန်​၊ ချန်​အန်း နှင့်​ လုဖုန်း တို့သာကျန်​ရစ်​ခဲ့သည်​။ ဒီအချိန်​မှာ အိုင်​ဗန်​ရဲ့ခပ်​ရိရိအပြုံးက​တောင်​ပျက်​​နေပြီ။ လုဖုန်းနဲ့ချန်​အန်းက​တော့ မျက်​နှာချင်းဆိုင်​လျှက်​ရှိ​နေသည်​။

"အခု ​လောင်းကြးက ၁၀၀ မီလီယံဖြစ်​သွားပြီ...အချစ်​..မင်းနိုင်​ရင်​ ဒါ​တွေအားလုံးမင်းအပိုင်​ပဲ။'' ချန်​အန်း၏ အနားကိုသွားရပ်​ပြီး အိုင်​ဗန်​ကထိုအမျိုးသား၏လက်​​ကောက်​ဝတ်​ကိုနမ်းလိုက်​သည်​။ ခပ်​​နွေး​နွေး​လေတို့က ချန်​အန်း၏နားရွက်​ဖျားကိုဖြတ်​သွားပြီး တဝီဝီနှင့်​ယားကျိကျိ ဖြစ်​​စေသည်​။

"ငါနိုင်​ရင်​ ပိုက်​ဆံ​တွေကငါ့အပိုင်​။ ငါရှုံးရင်​....'' ချန်​အန်းကထိုင်​ခုံကိုမှီလိုက်​ပြီး အိုင်​ဗန်​၏ နက်​ကတိုင်​ကိုဆွဲလိုက်​သည်​။ သူတို့ကြားကအကွာအ​ဝေးက ကွာတယ်​ဆိုရုံ​လောက်​ကွာမှရပ်​လိုက်​သည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now