အခန်း(၆၀) ​မြေ​ခွေးနဲ့ဝက်​ဝံတို့ချိန်း​တွေ့ခြင်း

Start from the beginning
                                    

ဖြည်းညင်းစွာပွင့်​ဟသွားတဲ့ သံပန်းတံခါးနှစ်​ခုရဲ့အဆုံးမှာ အိုင်​ဗန်​ကရှန်​ဟိုင်းကသူ့ရဲ့ဇိမ်​ခံအိမ်​ကြီးထဲကို ​မောင်းဝင်​သွားသည်​။ ဇာတ်​ကားထဲမှာသာမြင်​ဖူး​လောက်​မယ့်​ တစ်​ဖက်​လူရဲ့မျက်​နှာအမူအရာကို သူတိတ်​တဆိတ်​အကဲခတ်​ကြည့်​သည်​။

စံအိမ်​ကြီးက ရိုးရှင်းပြီးတည်​ညိမ်​သလို ချန်​အန်းရဲ့မျက်​လုံး​တွေကလည်းတည်​ညိမ်​ပြီး အံ့သြဟန်​မရှိ​ပေ။ ချန်​အန်းကအခြားလူ​တွေနဲ့မတူ​ပေမယ့်​လို့ သူအနည်းငယ်​အံ့သြသွားဟန်​​တော့​ဆောင်​လိုက်​သည်​။ အိုင်​ဗန်​ကလည်း ချန်​အန်းရဲ့မျက်​နှာအမူအရာကိုကြည့်​ပြီး​ကျေနပ်​​နေသည်​။

"ကိုယ်​မင်းကို ဒီမှာဖမ်းထားမှာမင်း​ကြောက်​​နေတာလား'' ကားက ဆင်​ဝမှာရပ်​လိုက်​ပြီး အိုင်​ဗန်​က ကိုယ်​တိုင်​ကိုယ်​ကျ ချန်​အန်းကို ကားတံခါးလာဖွင့်​​ပေးသည်​။ ပြီး​တော့ ​သော့ကိုသူ့​ဘေးက အိမ်​​စေဆီပစ်​​ပေးလိုက်​သညိ၊

အိုင်​ဗန်​က 'ဖမ်းထားမယ်​' ဆိုတဲ့စကားကိုသုံးနှုန်းလိုက်​တဲ့အချိန်​ ချန်​အန်းရဲ့မျက်​လုံး​ပေါ်အနက်​​ရောင်​အ​ငွေ့အသက်​တစ်​ချို့ ဖြတ်​ခနဲလက်​သွားသည်​။ အိုင်​ဗန်​က​တော့ သတိမထားမိလိုက်​​ပေ။

ချန်​အန်း ကားထဲက ထွက်​ပြီး အိုင်​ဗန်​ရဲ့စံအိမ်​ကြီးကို ​ဝေ့ကြည့်​လိုက်​သည်​ ''ငါ့ကို ဒီလှပတဲ့ငှက်​​လှောင်​အိမ်​ထဲအရင်​သာ​ခေါ်သွားစမ်းပါ''

ချန်​အန်း မမြင်​ဖူး မ​နေဖူးတဲ့ ဇိမ်​ခံအိမ်​ဆိုတာဘယ်​မှာရှိမှာလဲ။ သူတကယ်​ဒီကိုမလာချင်​ပါဘူး။ အိုင်​ဗန်​နဲ့ အိမ်​ထဲ​လျှောက်​ကြည့်​ပြီး​တော့ ​နေ့လယ်​စာစားချိန်​​တောင်​​ရောက်​​နေပြီ။

အိုင်​ဗန်​က ​ငွေအများကြီးသုံးပြီး​ဆောက်​ထားတဲ့ ကန်​နံ​ဘေးမှာ စားပွဲကိုပြင်​ဆင်​ထားသည်​။ ထိုစားပွဲနံ​ဘေး​တွေ အိမ်​​စေအများကြီးရပ်​​နေပြီး ကြယ်​ငါးပွင့်​ဟိုတယ်​ထက်​ပင်​သာလွန်​​နေ​သေးသည်​။

အိုင်​ဗန်​ရဲ့ ဧည့်​ဝတ်​ပြူငှါမှုကိုလက်​ခံပြီး ချန်​အန်း အမဲသားတုံးလှီးကာ ပါးစပ်​ထဲထည့်​ပြီးဖြည်းဖြည်းချင်းဝါးလိုက်​သည်​။ သူဝိုင်​​သောက်​ဖို့ငြင်းပြီး ဆိုဒါပဲ​သောက်​လိုက်​သည်​။ ရိုးရှင်းသည့်​ ရည်​မွန်​ကိုပြလိုက်​သည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now