အခန်း(၅၉) Ivanov's confession | Chen an's Game

Start from the beginning
                                    

"​ဟေး — ပိုပိုပြီး စိတ်​ဝင်​စားစရာ​ကောင်းလာပြီ'' အိုင်​ဗန်​ ​သွေး​တွေဆူပွတ်​လာသလို ခံစားရသည်​။ သူ့ကိုဒီလို စိတ်​ဝင်​စား​အောင်​လုပ်​နိုင်​တဲ့လူမရှိတာ ကြာ​ရော​ပေါ့။

ချန်​အန်း ကို ကိုယ့်​သိက္ခာအတွက်​လိုချင်​တာလား။ အိုင်​ဗန်​က​နှေးတိ​နှေးတုန့်​လူစားမဟုတ်​ဘူး။ တိုက်​ခိုက်​ပြီးကြီးပြင်းလာတဲ့ မျိုးရိုးကဆင်းသက်​လာသူပီပီ အိုင်​ဗန်​ရဲ့ရိုးတွင်းချဉ်​ဆီထဲမှာ ရုရှား​တွေရဲ့ပွင့်​လင်းပြီးကြမ်းတမ်းတဲ့ ဗီဇ​တွေ​ပျော်​ဝင်​​နေပြီးသား။ အခြားလူကို မုန်းတီးပြီးဆဲဆို​နေရတာမကြိုက်​ဘူး။ ဒါက သူ့အတွက်​အလုပ်​ရှုပ်​လွန်းတယ်​။ သူ့​ဖြေရှင်းနည်းက ​သေနတ်​နဲ့တိုက်​ရိုက်​ပစ်​သတ်​လိုက်​တာပဲ။

ရိုင်းတယ်​ဆိုတာ လွယ်​ကူပြီး ရိုးရှင်းတယ်​။

"ကိုယ့်​ ​ချစ်​သူ လုပ်​ဖို့စိတ်​မဝင်​စားဘူးလား''

Vodka အပြည့်​ခွက်​ကိုကိုင်​ရင်းက အိုင်​ဗန်​ တစ်​ဖက်​လူကို အသားစားသတ္တဝါတစ်​​ကောင်​ရဲ့သား​ကောင်​ကိုကြည့်​သည့်​မျက်​လုံးမျိုးဖြင့်​ကြည့်​ရင်း ​ရေခဲ​ရောသည့်​ ​ဗော့ကာကိုတစ်​ငုံ​သောက်​လိုက်​သည်​။

အရက်​ပြင်းဟာ စကား​တွေအများကြီးထွက်​​စေတယ်​ဆိုသလိုပဲ အိုင်​ဗန်​ သက်​ပြင်းချလိုက်​သည်​။ လက်​ကိုဘား​ကောင်​တာ​ပေါ်တင်​ထားပြီး တ​တောက်​​တောက်​​ခေါက်​ကာဆက်​​ပြောသည်​။ ''ကိုယ့်​လိုပြီးပြည့်​စုံတဲ့ချစ်​သူမျိုးက အများကြီးမရှိဘူး​နော်​ ​အန်း''

"အင်​ ဒါအရမ်းတဲ့တိုးဆန်​ပြီး ရိုင်းပြတယ်​ ။ အိုင်​ဗန်​'' ချန်​အန်း ဒီတစ်​ခါမှာ​တော့ ဒီ​မောက်​မာတဲ့ဝက်​ဝံကို နည်းနည်းအထင်​ကြီးမိသွားတယ်​။ သူပြန်​​ဖြေသင့်​လာမသင့်​လား​တောင်​ ​သေချာမသိ​တော့ဘူး။

အိုင်​ဗန်​ ရဲ့ပုံမှန်​စရိုက်​နဲ့ဆိုရင်​ သူအချစ်​အ​ကြောင်းကို​လေး​လေးနက်​နက်​​ပြောဖူးတာ မရှိ​လောက်​သလို တစ်​ခါမှလည်းမချစ်​ဖူး​လောက်​ဘူး။ [ ಠ~ಠ ]

Rebirth of Chen An【Zaw + uni】Where stories live. Discover now