အခန်း(၅၉) Ivanov's confession | Chen an's Game

Start from the beginning
                                    

တစ်​​ယောက်​နဲ့တစ်​​ယောက်​ရဲ့ နှာ​ခေါင်းထိပ်​ဖျားက နီးကပ်​လုမတတ်​ဖြစ်​​နေပြီး ချန်​အန်း၏မျက်​ဝန်းနက်​နက်​တို့က အိုင်​ဗန်​၏မိုးသားပြာမျက်​ဝန်းများကို အသိမ​ပေးပါပဲစိုက်​ကြည့်​​နေသည်​။ တစ်​ဖက်​အ​ရှေ့တိုင်းသားရဲ့ရုတ်​တရပ်​အပြုအမူ​ကြောင့်​ အိုင်​ဗန်​ တစ်​ခဏရင်​ခုန်​သံမမှန်​ဖြစ်​သွားသည်​ကို​တော့ ဝန်​ခံပါ၏။

ချန်​အန်းရဲ့ရုတ်​တရပ်​အပြုအမူမှာ သတိလက်​လွှတ်​ဖြစ်​သွားတဲ့ အိုင်​ဗန်​ရဲ့အ​ခြေအ​နေကိုအခွင့်​​ကောင်းယူပြီး ချန်းအန်း ၊ အိုင်​ဗန်​လက်​ထဲက ကိုယ့်​လက်​ကိုဆွဲထုတ်​လိုက်​သည်​။ ပြီး​တော့ ​နောက်​ကိုပြန်​ဆုတ်​လိုက်​ပြီး အိုင်​ဗန်​အတင်းအကြပ်​ကိုင်​ထားလို့ နာ​နေတဲ့ သူ့ လက်​​ကောက်​ဝတ် သူပွတ်​သပ်​လိုက်​သည်​။ ပြီး​တော့ ဘာမှမဖြစ်​ခဲ့သလို ဆိုဒါကိုပြန်​​သောက်​လိုက်​သည်​။

"မင်း ကိုယ့်​ကို ကစား​နေတာလား'' အိုင်​ဗန်​က သူ့မျက်​ဝန်း​တွေကို​မှေးကျဉ်းလိုက်​သည်​။ သူ့အ​နေနဲ့ ကနဦးခြေလှမ်းက သူ့လက်​ထဲမှာမဟုတ်​ပဲ တစ်​ဖက်​လူလက်​ထဲ​ရောက်​​နေတယ်​လို့ ခံစား​နေရသည်​။

"မင်းတကယ်​ဘာလိုချင်​​နေတာလဲ။ ဘာလဲ ငါကမင်းကိုငြင်းပြီး မာနကြီးစိတ်​ကြီးဝင်​​နေလို့ မင်းစိတ်​ထဲ​အောက်​တယ်​လို့ခံစား​နေရတာလား။ ဒါ​ကြောင့်​ ငါ့ကိုအနိုင်​ယူပြီး မင်းရဲ့အဓိပ္ပါယ်​မရှိတဲ့သိက္ခာကိုပြန်​ဆယ်​ချင်​တာလား ဒါမှမဟုတ်​ သက်​သက်​မဲ့ငါ့ကိုလိုက်​​နေတာလား''

အိုင်​ဗန်​ ၊ ချန်​အန်းရဲ့စိတ်​တို​နေတဲ့အမူအရာကိုမ​ကြောက်​နိုင်​ပါ။ ဒီလို တဲ့တိုး​မေးခွန်းက​ဖြေဖို့မလွယ်​ဘူး။ ရင်​ထဲကဖိနှိပ်​မှုက အိုင်​ဗန်​ကိုလက်​​မြှောက်​အရှုံး​ပေး​စေလိုတယ်​။ အင်​အားမဲ့သွားတဲ့ခံစားမှုမျိုး။

"အိုင်​ဗန်​ မင်းငါ့ဆီကဘာလိုချင်​​နေတာလဲ'' ချန်​အန်း လက်​ကိုဆန့်​ထုတ်​ပြီး တစ်​ဖက်​လူရဲ့ ပုခုံးရိုးကိုညစ်​လိုက်​သည်​။ ချန်​အန်းရဲ့အပြုအမူက တစ်​ဖက်​လူအတွက်​ အန္တရာယ်​ရှိလွန်းတာ ​သေချာလွန်းသည်​။

Rebirth of Chen An【Zaw + uni】Where stories live. Discover now