အခန်း(၄၁) ရန်​သူအသစ်​နဲ့စကားစမြည်း

Start from the beginning
                                    

"ခင်​များဘယ်​လိုလုပ်​ဒီ​ရောက်​​နေတာလဲ''

ဝမ်​​ဟောင်​အခုထိအံ့သြလို့မဆုံးနိုင်​​သေး​ပေ။သူ့အိမ်​မက်​များမက်​​နေသလားမျက်​လုံးပင်​ပွတ်​ကြည့်​ရမလိုဖြစ်​​နေသည်​။ အရင်​ကဒီလူကိုသူလုံးဝကြည့်​မရခဲ့တာက အရမ်းဝပြီးဝက်​လိုအဆီတစ်​ထပ်​အသားတစ်​ထပ်​ဖြစ်​​နေတဲ့ခန္ဓာနဲ့ ရုပ်​ဆိုးတဲ့အပြင်​ ဥာဏ်​ပါမရှိတာ​ကြောင့်​ပဲ။ချမ်းသာတဲ့ playboyတစ်​​ယောက်​အ​နေနဲ့ ရုပ်​​ချောတဲ့သူမျိုးကိုသိပ်​သ​ဘောကျတာ​ပေါ့။

ဒါ​ပေမယ့်​အခု​တော့ချန်​အန်းကအရမ်းကြည့်​​ကောင်းတဲ့လူတစ်​​ယောက်​ဖြစ်​သွားပြီ။အရင်​တုန်းကလူ​တွေရွံရှာမယ့်​အဆီ​တွေလည်းမရှိ​တော့ဘူး။မြင်​တိုင်းအန်​ချင်​မိတဲ့အရုပ်​ဆိုးတဲ့သွား​တွေလည်းမရှိ​တော့ဘူး။နောက်​သူက​တောလည်းမဆန်​​တော့ဘူး။လယ်​ထဲကဖား​ရွှေနန်း​တော်​​ရောက်​သွားသလိုပဲ လုံးဝလက်​မခံချင်​နိုင်​စရာကြီး။

"မင်းငါ့ကိုentertainerတစ်​​ယောက်​လို့မထင်​ဘူးလား?''

ချန်​အန်းခပ်​​ဖျော့​ဖျော့ပြုံးပြီးစပျစ်​ဖြူဝိုင်​ကိုတစ်​ငုံ​သောက်​လိုက်​သည်​။

"Entertainer ​တွေကခင်​များလိုအဝတ်​အစားမျိုးမဝတ်​ဘူး''

ချန်​အန်း၏ပုံမှန်​အပြုအမူကိုမြင်​ရတာ ဝမ်​​ဟောင်​အတွက်​အရမ်းကိုထူးဆန်း​နေသည်​။အရင်​ကဆိုချန်​အန်းသူ့​ရှေ့​ပေါ်လာရင်​အရူးလို​အော်​ဟစ်​ပြီးသူ့ပိုက်​ဆံ​တွေပြန်​​ပေးဖို့​ပြောတတ်​ခဲ့တာ။ ​တောကလာပြီး အ​ပြောအဆို၊အပြုအမူ ဂရုမစိုက်​တတ်​တဲ့သူကဘယ်​လိုလုပ်​အခုလို​ပြောင်းလဲသွားနိုင်​တာလဲ။ကိုယ့်​ရန်​သူနဲ့အခုလို​အေး​အေး​ဆေး​ဆေးစကား​ပြောနိုင်​ဖို့​တော်​ရုံသည်းခံစိတ်​နဲ့မဖြစ်​နိုင်​ဘူး။
အရင်​တစ်​ခါကgymမှာချန်​အန်း​ဘေးနားကအမျိုးသားတစ်​​ယောက်​သူတို့ကိုရိုက်​နှက်​ခဲ့တာပြန်​သတိရ​တော့ ဝမ်​​ဟောင်​မျက်​​မှောင်​ကြုတ်​လိုက်​သည်​။
"ခင်​များ ကျွန်​​တော့်​ကိုလက်​တုန့်​ပြန်​မလို့လား''

Rebirth of Chen An【Zaw + uni】Where stories live. Discover now